No One's POV
မိုးတဖွဲဖွဲကျနေတဲ့ညနေခင်းလေးမှာ ဆိုးလ်မြို့ရဲ့ KSPO Domeမှာ လူတွေစုဝေးပြီး ရောက်ရှိနေကြတယ်။ အားလုံးရဲ့မျက်နှာပေါ်မှာ ရင်ခုန်ခြင်းပျော်ရွှင်ခြင်း အငွေ့အသက်တွေမြင်နေရတယ်။ ဒီလူတွေ ဒီအချိန်မှာ ဘာကြောင့် KSPO Domeကြီးထဲမှာ စုဝေးနေကြရတာလဲ????
Street Dance Of Koreaပြိုင်ပွဲရဲ့ Grand Final ပြိုင်ပွဲအတွက် စုဝေးနေကြတာပဲ။
ဒီနေ့ရဲ့ Grand Finalအတွက် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ၀င်တွေကို ပရိသတ်တွေအားလုံးကို ရင်ခုန်စွာစောင့်မျှော်နေကြပြီ......
ထိုစဉ် KSPO Domeအတွင်းရှိ ပြိုင်ပွဲ၀င်များနားနေခန်းသို့ဆက်ထားသော ၀င်ပေါက်အတွင်းသို့ ပြိုင်ပွဲ၀င်အဖွဲ့ DT ၀င်ရောက်လာတယ်....
One of DT Member's POV
"ဟေ့နင်ဒီနေ့နင့်ရဲ့ နတ်သမီးလေးနဲ့ ပြိုင်ရမှာဆိုတော့ ဘယ်လိုနေလဲ" လို့ DTအုပ်စုထဲကလူတစ်ယောက်ရဲ့ မေးသံထွက်ပေါ်လာတယ်။
" ငါကဘာကိုဘာကြောင့်ရင်ခုန်ရမှာလဲ" လို့ နှုတ်ကဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့-
"ငါဒီလောကထဲကို ၀င်ရောက်လာတာသူ့ကြောင့်ပဲ ငါ၇နှစ်လုံးလုံးကြိုးစားခဲ့တာ သူ့ဘေးနားမှာ သူနဲ့အရည်အချင်းညီတဲ့သူတစ်ယောက်အနေနဲ့ ရပ်ခွင့်ရဖို့ ဒီနေ့ထိရောက်အောင် ကြိုးစားခဲ့တာလေ ရင်မခုန်ပဲ နေပါ့မလား။"လို့တွေးနေမိတယ်။
ထိုစဉ် ပြိုင်ပွဲစီစဉ်တဲ့ တာ၀န်ခံတစ်ယောက်ရောက်လာပြီး "ပြိုင်ပွဲစဖို့ မိနစ်၃၀ပဲလိုတော့တယ် ပြင်ဆင်ပြီး အ၀တ်အစားတွေလဲလိုက်ဦး။ ဪဒါနဲ့ မင်းတို့ Soloအဖွဲ့ကိုမတွေ့မိဘူးလား ခုထိရောက်မလာသေးလို့" လို့မေးတော့
DTအဖွဲ့၀င်ထဲကတစ်ယောက်က "မိုးရွာနေတော့ လမ်းပိတ်ပြီးနောက်ကျနေတာဖြစ်မယ်" ဖြေသံမဆုံးသေးခင်မှာပဲ
"ငါ အပြင်ခဏသွားလိုက်ဦးမယ် ခဏစောင့်ဦး"လို့ပြောပြီး ပြေးထွက်ခဲ့လိုက်တယ်။
အနောက်မှာ ကျန်ခဲ့တဲ့အဖွဲ့၀င်တွေက "ဟေ့ ပြိုင်ပွဲစတော့မယ်လေကွာ"လို့ လှမ်းအော်တဲ့အသံတွေကိုလည်း မကြားနိုင်တော့ပဲ အပြင်ကိုသာ ပြေးထွက်သွားလေရဲ့....
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...