Jennie's POV
ကွန်မ Somiကိုတွေ့လိုက်ရတော့ "နင်USမှာ မဟုတ်ဘူးလား ဘယ်အချိန်တုန်းက ဒီကိုပြန်ရောက်နေတာလဲ?" အံ့ဩတကြီးနဲ့မေးမိတယ်။
"နင်တောင် Street Danceလောကထဲကနေ အနားယူတာ ငါကအနားယူလို့မရဘူးလား"ဖြေတော့
"နင်ဘာဖြစ်လို့အနားယူလိုက်တာလဲလို့"ကျွန်မ ထပ်မေးမိတယ်။
"သူအနားယူတာက သူ့......"Somi ရဲ့အမေ စကားသံမဆုံးသေးခင်မှာပဲ Somiက "လာသွားရအောင် ငါတို့ အပြင်မှာ စကားပြောကြမယ် ဒီမှာ နည်းနည်းဆူတယ်"ဆိုပြီး ကျွန်မကို အပြင်ကို အတင်းဆွဲထုတ်လာတယ်။
ကော်ဖီဆိုင်ထဲရောက်တော့ ကော်ဖီ၂ခွက်မှာပြီး စကားထိုင်ပြောကြရင်း သူ့ရဲ့လက်က ပုံမှန်မဟုတ်တာကို သတိထားမိလို့"Somiနင့်လက်ကဘာဖြစ်တာလဲလို့" ကျွန်မမေးတော့ သူက " ဒီတိုင်း နည်းနည်းခိုက်မိထားတာ"လို့ပဲ ဖြေပြီး " Jennie ဟိုမှာ ကြည့် Street Dance Competitionအတွက် ပြိုင်ပွဲဝင်တွေစလက်ခံနေပြီဆိုတဲ့ ကြော်ငြာဆိုင်းဘုတ် အနားယူပြီး ဒီ၃နှစ်အတွင်း နင်အကပြိုင်ပွဲလောကထဲကို ပြန်သွားချင်တဲ့စိတ် မဖြစ်မိဘူးလား"လို့ မေးလာတော့။
"တခါတလေတော့ ငါတို့ Teamအတူတူရှိပြီး ပြိုင်ပွဲအတွက်လေ့ကျင့်ကြ ပြိုင်ပွဲဝင်ကြတဲ့ အချိန်တွေကို သတိရမိသား။ အဲ့အချိန်တုန်းက ဘဝက အရမ်းကို ရိုးရှင်းတယ်လေ တစ်နေ့တစ်နေ့ ၁၀နာရီလောက်လေ့ကျင့် ပြိုင်ပွဲနိုင်ရင် အစွမ်းကုန်ပျော်ကြ ရှုံးရင်လည်း အတူတူ ငိုကြနဲ့ ဒါတွေပဲ ရှိခဲ့တာလေ။ အပြင်လောကကျတော့ ငါတို့ဖြတ်သန်းခဲ့ရတဲ့ လောကနဲ့မတူဘူး အရမ်းရှုပ်ထွေးလွန်းတယ်။ တခါတလေငါ အပြင်လောကနဲ့ ကိုက်ညီတဲ့ လူတစ်ယောက်ကော ဟုတ်ရဲ့လားလို့ တွေးမိတယ်"
"ခုကော နင်နေသားကျပြီလား"ဆိုတဲ့ Somiအမေးကို "နေသားကျဖို့ ကြိုးစားနေတုအရန်းပါပဲ"လို့ ဖြေရင်း အတွေးတွေက အရင်ချိန်တွေဆီ...................
Lisa's POV
၃နှစ်ကြာပြီးမှ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေနဲ့ ချစ်ခြင်းတွေ ပွင့်လန်းခဲ့တဲ့မြေကို နောက်တစ်ကြိမ်ပြန်နင်းရတော့ ရင်ခုန်မှုစိတ်လှုပ်ရှားမှု ဖြစ်စေတယ်။ ကျွန်တော်ဒီတစ်ကြိမ်ပြန်လာခဲ့တာ အရင်ကနဲ့မတူတော့ဘဲ ကျွန်တော်ဟာ အရွယ်ရောက်ရင့်ကျက်ပြီး Dance Agencyတစ်ခုရဲ့ ရှယ်ယာရှင် & KK Dance Teamရဲ့ Team Leaderတစ်ယောက်ဖြစ်နေပြီ။ မပြောင်းလဲသေးတာကတော့ အချိန်တိုင်း သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တောင့်တနေတဲ့ နှလုံးသားလေးတစ်ခု။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...