Chapter-30

532 41 6
                                    


မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တဲ့အခါ ချစ်စဖွယ်ဖြစ်တည်မှုလေးက ကိုယ့်ရင်ခွင်ထဲမှာ နေသားတစ်ကျ ခန္ဓာကိုယ်နှစ်ခုကြားမှာ အတားအဆီးမရှိဘဲ တိုက်ရိုက်ထိတွေ့နေရတဲ့ အထိအတွေ့က ရင်ထဲမှာနွေးကနဲ.......ပုခုံးသားနုနုလေးကို မနေနိုင်စွာအနမ်းတစ်ပွင့်ခြွေမိတော့ မြတ်နိုးရာလေးက တစ်ချက်လူးလွန့်လာပြီး ရင်ခွင်ထဲကို ပိုလိုတိုးဝင်လာပြန်တယ်။ ယောက္ခမကြီးက အဖိုးတန်လေးကို ဘာတွေစားပြီးမွေးခဲ့ပါလိမ့် ဖြစ်တည်မှုတိုင်းက သိပ်ကိုချစ်ဖို့ကောင်းပြီး မြတ်နိုးဖွယ်ရာအတိ..........

ခဏကြာတော့ ရင်ခွင်ထဲက အဖိုးတန်လေးက ကိုယ့်ညှပ်ရိုးကို ဖွဖွလေးနမ်းပြီး လည်စိကိုပါနမ်းပြီး ဒါလေးကလည်း Babyအပိုင်လို့ ချစ်စဖွယ်ဆိုလာပြန်တယ်။ "ကိုယ့်ရဲ့ဖြစ်တည်မှုအားလုံးက Babyအပိုင်ပဲလေ ကလေးလေးရဲ့။ လူကိုအပိုင်သိမ်းပြီးသွားတော့ မသိချင်ယောင်ဆောင်တော့မလို့လား"လို့ စလိုက်တော့ မနေ့ညက အဖြစ်အပျက်ကို သတိရသွားလို့ထင်ပါတယ် ပါးဖောင်းဖောင်းလေးက ရဲကနဲ ရင်ခွင်ထဲကို ပုန်းဝင်ရင်း"Darlingအတွက် Babyပေးတဲ့မွေးနေ့လက်ဆောင်ကို လှောင်စရလား"လို့ ရင်ခွင်ထဲကနေ ချစ်စဖွယ်ရန်တွေ့လာပြန်တယ်။

"ကိုယ့်အတွက် တန်ဖိုးအရှိဆုံးမွေးနေ့လက်ဆောင်ကို ပေးအပ်ခဲ့လို့ ကျေးဇူးပါ ကိုယ့်ရဲ့ အသဲအသက်လေးရေ ကိုယ့်အပိုင်လေး ဖြစ်နေပေးလို့ ကျေးဇူးတင်ပါတယ် Baby ချစ်တယ်ဆိုတာထက် ပိုပြီးလေးနက်တဲ့စကားရှိမယ်ဆိုရင် Babyကိုပြောချင်တယ် အရမ်းမြတ်နိုးရပါတယ်Baby"

ရင်ခွင်ထဲကနေ ကိုယ့်ကိုမော့ကြည့်လာတဲ့ အဖိုးတန်လေးက "Babyကို တန်ဖိုးထားပြီး ချစ်ပေးလို့ ကျေးဇူးတင်ပါတယ် Darling အရမ်းချစ်တယ်။ Baby တစ်ယောက်တည်းရဲ့ အပိုင်လေးအနေနဲ့ပဲ ရှိနေပေးပါနော်။ Babyအတွက် Darlingမရှိလို့ မဖြစ်တော့ဘူးဆိုတာ သိထားပေးနော်"လို့ ဆိုလာပြန်တော့ အသည်းနှလုံးတွေ တဖဲ့ဖဲ့ကြွေရပြန်တယ်။ နှုတ်ခမ်းသား၂ခုကို ထပ်တူကျစေတော့ အလိုက်တသိတုန့်ပြန်လာတဲ့ ချစ်မဝလေးရဲ့ အနမ်းတွေနဲ့အတူ မနက်ခင်းလေးက ချစ်ခြင်းမေတ္တာတွေနဲ့အတူ လှပလျက်.............

Love Of My LifeWhere stories live. Discover now