Jennie's POV
ကျွန်မ Bam Bamပေးတဲ့ လက်မှတ်ကိုယူပြီး Show ပွဲရှိတဲ့နေရာကို ထွက်လာလိုက်တယ်။ လမ်းမှာ မီနီစတိုးနားကိုဖြတ်တော့ စတိုးဆိုင်ထဲကနေ သူကြိုက်တဲ့ Hot Chocolateလေး ၂ခွက်၀ယ်ခဲ့လိုက်တယ်။
ကျွန်မ concertကိုရောက်တဲ့အချိန် လူတော်တော်များများရောက်နေကြပြီ အပြင်အဆင်ကို ကြည့်လိုက်တော့ လူ၅၀ ၀န်းကျင်လောက်ပဲ အေးအေးဆေးဆေး သီးချင်းနားထောင်ရင်း chillလို့ရအောင် လုပ်ထားတဲ့ တကယ့် private Concert လေးပဲ။ လက်မှတ်ကလည်း သေချာပေါက်ဈေးကြီးမယ့်ပုံ။ ကျွန်မအတွက် သတိတရနဲ့ လက်မှတ်၀ယ်ပေးတဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ် ကျေးဇူးတင်နေမိတယ်။
ခန်းမထဲကို ရှာကြည့်တဲ့အခါ ကျွန်မရင်းနှီးတဲ့သူကို မတွေ့ရ။ ကျွန်မ ထိုင်ဖို့ နေရာလေးရှာလိုက်ပြီး သူလာရင် ထိုင်ဖို့ နေရာလေးတစ်ခု ကျွန်မဘေးနားမှာ ဦးထားလိုက်တယ်။ H.E.Rကတော့ စင်ပေါ်ကနေ ကျွန်မ အကြိုက်ဆုံးသီချင်း Best Partသီဆိုနေတာကို စီးမျှောရင်း အတွေးထဲ၀င်လာတာက Lisaဆိုတဲ့ ကောင်နလေးရဲ့နျက်နှာနဲ့ နွေးထွေးတဲ့အကြည့်.......
Lisa's POV
ကျွန်တော်ပြိုင်ပွဲပြီးတာနဲ့ ပထမဆုံးအလုပ်က ပန်းဆိုင်တွေကို ပတ်ပြီး သူကြိုက်တဲ့ Daisy ပန်းတွေကို ရှာ၀ယ်ရတာပါပဲ။ပန်းဆိုင်အားလုံးပတ်ပြီးပေမယ့်လည်း ရှာမတွေ့သေး။နောက်ဆုံးတစ်ဆိုင်မှာတွေ့တော့ ဈေးကကြီးနေပေမယ့်လည်း ဂျွန်တော်၀ယ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဘယ်လောက်ပဲ ဈေးကြီးပါစေ ရှာရခက်ပါစေ သူကြိုက်တဲ့အရာသာဖြစ်မယ်ဆိုရင် ကျွန်တော့်အတွက် အရာအားလုံးကို ရအောင် ဖန်တီးပေးချင်တယ်။
ဒီနေ့တော့ ကျွန်တော့်ရဲ့နတ်သမီးလေးကို ကျွန်တော်သူ့အပေါ်ရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ကျွန်တော် ၇နှစ်တိုင်တိုင်ဒီနေ့ရောက့် တစ်လှမ်းချင်းလျှောရ်လှမ်းခဲ့တာတွေကို ဖွင့်ပြောပြရမယ်။ သူကျွန်တော့် ချစ်ခြင်းမေတ္တာတွေကို သူမတုန့်ပြန်နိုင်ရင်တောင် အသိအမှတိပြုပေးဖို့ မျှော်လင့်ရင်း......
ကျွန်တော် သူကြိုကတဲ့ Daisyပန်းစည်းလေးကို လက်ကနေကိုင်ပြီး concert hallထဲကို ၀င်လာခဲ့တယ်။ ကျွန်တော့်ရဲ့Jennieလေးကိုတွေ့တော့ သူ့ဆီလှမ်းသွားဖို့အလုပ် ကျွန်တော့်ရဲ့ ကမ္ဘာကြီးက အမှောင်ကျသွားတယ်။ ကျွန်တေယ် မျက်လုံးက မဲမှောင်သွားတယ်။ တစ်ဆက်တည်းမှာပဲ အတွေးထဲမှာ၀င်လာတာက ငါဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင်၊ ခွဲစိတ်မှုမအောင်မြင်ခဲ့ရင်၊ ငါ့မျက်လုံးတွေ မမြင်ရတော့ဘူးဆိုရင် ငါ့ရဲ့ နတ်သနီးလေးနဲ့ ငါဟာမထိုက်တန်တဲ့လူတစ်ယောက် ဒုက္ခပေးမယ့်လူတစ်ယောက်ဖြစ်တော့မယ်ဆိုတဲ့ အတွေးတွေက ကျွန်တော့်ကို ပူလောင်စေတယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...