Jennie's POV
Jen SM Agencyမှာ Main Dancer Group Managerအနေနဲ့ အလုပ်ဝင်နေတာ တစ်လနီးပါးရှိနေပြီ.........
Liliနဲ့ လမ်းခွဲခဲ့တယ်လို့ ပြောရအောင်လည်း ချစ်သူအနေနဲ့ မည်မည်ရရ ခေါင်းစဉ်မတပ်ရသေးတဲ့ ဆက်ဆံရေးတစ်ခု.............
ဝေးသွားကြတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွတ်သွင်းဖို့ရာကလည်း နှစ်ဦးသား ချစ်တယ်လို့ ဝန်ခံထားကြပေမယ့် တကယ်အနေနီးခဲ့လားဆိုတော့လည်း မဟုတ်ပြန်
သေချာတာကတော့ Liliဆိုတဲ့ လူသားလေးက Jenအတွက် အဝေးကနေ အမြတ်တနိုးငေးခွင့်ရတာပဲရှိပြီး တကယ်တမ်းပိုင်ဆိုင်ဖို့ရာ အလှမ်းဝေးနေတဲ့ လမင်းကြီးပမာ အနားမှာအနီးဆုံး ရှိနေသယောင်နဲ့ အရမ်းကို အလှမ်းဝေးနေတဲ့ ဖြစ်တည်မှုမျိုးပဲမလား.............
ဘယ်လိုနေနေ Jen ရွေးချယ်ထားတဲ့လမ်းမို့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့တိုင်အောင် အဆုံးထိတိုင်လျှောက်တော့မယ်မလား............
သေချာတာတစ်ခုကတော့ သူ့ကို ကျောခိုင်းခဲ့တဲ့နေ့က ကျွန်မရဲ့ နှလုံးသားနဲ့ ခံစားချက်အားလုံးဟာလည်း ဗလာနတ္ထိ သေဆုံးခဲ့ရပြီး ခံစားချက်စမဲ့နေတဲ့ စက်ရုပ်တစ်ရုပ်ပမာ Jenလှုပ်ရှားသွားလာနေခဲ့တာ ယနေ့ထိတိုင်.........
Liliရုတ်တရက် မေ့လဲပြီး ဆေးရုံရောက်သွားတယ်ဆိုတဲ့ သတင်းကြားကြားချင်း Jenမှာ ခြေမကိုင်မိလက်မကိုင်မိ ကားနဲ့ Liliတက်နေတဲ့ ဆေးရုံနားရောက်ပြီးမှ သူ့ဘဝထဲကို တကယ်မဝင်ရောက်နိုင်ဘဲ ကပ်တွယ်နေပြန်ရင် သူလေးကို ဒဏ်ရာတွေ နက်သထက်နက်အောင် လုပ်နေမိမှာစိုးတဲ့စိတ်နဲ့ ကားထဲမှာပဲ အချိန်အတော်ကြာ ရင်ကွဲမတတ်ငိုပြီးမှ ပြန်လာရတဲ့အဖြစ်............
Liliဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ကိုယ့်ကြောင့်ဆိုတဲ့ အမှန်တရားက Jenကို အထပ်ထပ် နာကျင်စေတယ်............
Liliဆီသွားတွေ့ချင်ပေမယ့် သွားလို့မဖြစ်တာကြောင့် Jisoo Unnie ကိုပဲ အကူအညီတောင်းပြီး သူ့အတွက် သေချာချက်ပေးဖြစ်တဲ့ စွပ်ပြုတ်လေးကို ပြုတ်ပေးဖို့ အပူကပ်ရပြန်တယ်။ Unnieက ကျွန်မစိတ်ကို ဖတ်တတ်နေတဲ့အလား ကျွန်မ လွမ်းနေတဲ့ ဓါတ်ပုံလေးကို ပို့လာတော့ အရင်ကထက် ပိုပိန်သွားတဲ့ Jenရဲ့ Liliလေး ပါးရိုးတွေကလည်း အရင်ကထက်ထင်းလျက် မျက်ဝန်းက အရင်လို တောက်ပမှုတွေမရှိတော့...............
YOU ARE READING
Love Of My Life
Romansa-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...