"ပြိုင်ပွဲစင်မြင့်ထက်မှာ ကျွန်တော်က ပရိတ်သတ်ရင်ထဲက Dancer Lalisaအနေနဲ့ မပြောင်းလဲဘဲရှိနေပါ့မယ်။ ပြိုင်ပွဲစင့်မြင့်ပြင်ပ တခြားအချိန်မှာ ကျွန်တော်ချစ်ရတဲ့ တစ်ဦးတည်းသောချစ်သူJennie Ruby Janeရဲ့ Liliအနေနဲ့ တည်ရှိနေမှာပါ။ အဲ့ဒီဖြစ်တည်မှုကို အားလုံးကို နားလည်လက်ခံပေးဖို့မျှော်လင့်ပါတယ်။
ကျွန်တော့်ကို ယုံကြည်ပေးပြီးချစ်ပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ relationshipကို သိုသိုသိပ်သိပ်နဲ့ ခိုင်မာအောင်တည်ဆောက်ဖို့ ၂ဦးသားသဘောတူထားပေမယ့် မထင်မှတ်ပဲ အခုလိုအခြေအနေတွေဖြစ်သွားပြီး အားလုံး အထိတ်တလန့်နဲ့ စိတ်ပူရအောင် လုပ်မိလို့လည်း တောင်းပန်ပါတယ်။"
-lalalaisa_m
Liရဲ့ Postအောက်မှာ ပရိတ်သတ်တွေဆီက ထင်ထားတာထက်ကို ထောက်ခံအားပေးမှုကို မြင်ရတော့ ရင်ထဲက အပူတွေကတော်တော်လေးလျော့သွားရတယ်။
SMနှင့် K&Kနှစ်ဘက်လုံးက Jenlisa Relationshipကို အတည်ပြုပေးခဲ့ပြီး တပြိုင်နက်တည်းမှာ Lisaကို Team leader ရာထူးက ခေတ္တရပ်နားပြီး Roséကို Team Leaderအနေနဲ့ တာဝန်ယူဖို့ရာအတွက် တာဝန်ပေးအပ်ကြောင်းကိုပါ ကြေငြာပေးခဲ့သည်။
SM Main Dancer Teamကနေ ပြန်ကြားရတဲ့ သတင်းတွေအရ BODက Kaiကို CEOရာထူးကနေဖယ်ရှားပြီး Koreaရုံးကနေ နိုင်ငံခြားက ရုံးခွဲကို Managerအနေနဲ့ ပြောင်းရွှေ့ခိုင်းလိုက်ကြောင်း ပြန်ကြားသိရတယ်။ စိတ်မကောင်းပေမယ့် သူ့ကံကြမ္မာကို သူရွေးချယ်သွားတာပဲလေ။
Jenတစ်ယောက်ကတော့ သူ့ချစ်သူက သူ့အနားမှာပဲနေပေးပါလို့ တောင်းဆိုတဲ့အတိုင်း အနားမှာပဲ အစစအရာရာလိုက်ဂရုစိုက်ပေးဖြစ်နေလေရဲ့...........
x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x
World Street Dance Championshipပြိုင်ပွဲမစမီ တစ်ပတ်အလို K&K Dance Practice Roomတွင်.......
"Darlingခဏနားပြီး ဆေးသောက်ရမယ့်အချိန်ရောက်ပြီ"
Jenပြောတာကို မကြားဘဲ အကကို သဲကြီးမဲကြီးဆက်ကျင့်နေတော့ Jenရဲ့လက်တစ်ဆစ်လောက်ပဲရှိတဲ့ သည်းခံနိုင်စွမ်းက ကုန်လုနီးနိးဖြစ်နေပြီ။ သူ့ကျန်းမာရေးကို ဂရုမစိုက်တတ်တဲ့အကျင့်ကြောင့် သူ့အနားရှိနေတဲ့ စိတ်တိုရပေါင်းလည်း မနည်းတော့ ပြောလိုက်တိုင်း "ကိုယ့်ကို ဂရုစိုက်ပေးမယ့်အချစ်က ဘေးနားရှိနေတော့ နည်းနည်းပေါ့မိတာပါ"ဆိုပြီး ပြန်ချွဲတတ်တဲ့သူ့ကြောင့် အမြဲအလျှော့ပေးလိုက်ရမြဲ
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...