Jennie's POV
ကျွန်မ ဘယ်ချိန်ကတည်းက အိပ်ပျော်သွားမလဲမသိ ကျွန်မနှိုးလာတော့ Liliရဲ့ ပုခုံးပေါ်မှာ ကျွန်မခေါင်းမှီလျက်သားဖြစ်နေပြီး Liliရဲ့ ခေါင်းကကျွန်မခေါင်းပေါ်မှာ အလိုက်သင့်မှီလျက်သား........... ဒီအနေအထားလေးကို ကျွန်မမြတ်နိုးနေမိတယ်။ ကျွန်မအတွက် ရောင့်ရဲခြင်းဆိုတဲ့ အဓိပ္ပါယ်က သူရဲ့အဖော်ပြုတစ်ခုတည်းနဲ့ ပြည့်စုံနေတယ်။
Time Flies......
ကျွန်မတို့တည်းရမယ့် ဟိုတယ်နားကို ရောက်တဲ့အထိ Liliက မနိုးသေး "Liliထတော့လေ Jejuကိုရောက်ပြီ"လို့ ကျွန်မတိုးတိုးလေးနှိုးလိုက်တော့ ဖြည်ညင်းစွာ ပွင့်ဟလာတဲ့ မျက်ခွံလေးတွေနောက်က မျက်ဝန်းညိုတွေကို ကျွန်မအတန်ကြာစိုက်ကြည့်နေမိတယ်။ ဒီမျက်ဝန်းတွေရဲ့ ညှို့ငင်အားတွေနောက်မှာ ကျွန်မမျှောပါနေမိတယ်။
"Nini ဆင်းရအောင်လေ အားလုံး ဆင်းကုန်ကြပြီ။ Niniအရင် သော့သွားယူလိုက်လေ။ ကျွန်တော် Niniရဲ့ Luggageလေးယူခဲ့ပေးမယ်"လို့ပြောတော့မှ ကျွန်မသတိဝင်လာမိတယ်။
ကျွန်မ Check-in counterက ကောင်မလေးကို "Jennie Kimနာမည်နဲ့ Bookingလုပ်ထားတာပါ"လို့ ပြောလိုက်တော့ ခဏအကြာမှာ ကောင်မလေးက အားနာတဲ့မျက်နှာထားနဲ့ "Miss Jennie Kimeနာမည်နဲ့ Bookingပေးထားတဲ့အခန်းလေးက Air-con Service ပျက်နေလို့ Service ဝင်နေတာ ဒီနေ့ည နေလို့ မရဘူးဖြစ်နေတယ်အစ်မ။ ပြီးတော့ တခြားအခန်းတွေကလည်း Fully Bookingဖြစ်နေပါတယ်။ ကျွန်မတို့ အချိန်မီအကြောင်းမကြားမိတာ Sorryပါ။ အစ်မတို့ Street Dance ပြိုင်ပွဲအတွက်လာတာထင်တယ်။ တခြားအစ်မနဲ့ အတူတူလာတဲ့ အဖွဲ့ဝင်တစ်ယောက်ယောက်နဲ့ တစ်ညလောက် တစ်ခန်းတည်း ခဏလောက်နေပေးလို့ အဆင်ပြေမလား"လို့ ပြာပြာသလဲပြောလာတော့
ကျွန်မတခြားသူနဲ့ တစ်ခန်းတည်းနေဖို့အတွက် စဉ်းစားတော့လည်း ဘယ်သူနဲ့နေရမှန်းမသိ အဆင်မပြေ ကျွန်မဘယ်လိုလုပ်ရမလဲ တွေးမရဖြစ်နေတုန်း Liliက ကျွန်မနောက်ကနေဝင်လာပြီး Receptionက ညီမလေးက ဘာဖြစ်တာလဲလို့ ဝင်မေးတော့ Receptionက ကောင်မလေးက Liliကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီးတဲ့အခါ Liliက "Niniအဆင်ပြေတယ်ဆိုရင် ဒီညတော့ ကျွန်တော်နဲ့ တစ်ခန်းတည်းပဲနေလိုက်လို့ရတယ်။ အချိန်ကလည်း နောက်ကျနေပြီဆိုတော့ တခြားဟိုတယ်သွားဖို့ကလည်း အဆင်မပြေတော့ဘူး။ ပြီတော့ ဒီဟိုတယ်က ပြိုင်ပွဲနေရာနဲ့လည်းနီးတော့ ပိုအဆင်ပြေတယ်။ တခြားဆိုရင် Niniတစ်ယောက်တည်း အဖွဲ့ကွဲနေလိမ့်မယ်။ Niniတစ်ယောက်တည်းဆိုရင် ကျွန်တော်လည်း စိတ်မချဘူး"လို့ပြောလာတော့
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...