Lisa's POV
ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပါယ်ကို ပုံဖော်ရမယ်ဆိုရင် ကျွန်တော့်အတွက် ပျော်ရွှင်မှုက သူနဲ့အစပြုပြီး၊ သူ့အပြုံးလေးတွေနဲ့ ဆေးချယ်ထားတယ်။ သူမစကားသံလေးတွေက ပျော်ရွှင်ခြင်းကို သက်ဝင်လှုပ်ရှားရှားစေတဲ့ တေးသံသာ၊ သူမရဲ့ ရယ်သံလွင်လွင်လေးက ပျော်ရွှင်ခြင်းရဲ့ Melody၊ သူမရဲ့ ဖြစ်တည်မှုတိုင်းက ကျွန်တော်တော့်အတွက် ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်ပြီး သူမမှတစ်ပါး ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းကို ဆက်လက်ရှင်သန်အောင် စွမ်းဆောင်ပေးနိုင်မယ့်အရာဆိုတာ ကမ္ဘာပေါ်မှာ မရှိနိုင်တော့.........
နေဝင်ဆည်းဆာနဲ့အတူ ကမ်းခြေတလျှောက် သူမရဲ့လက်ကိုဆွဲကိုင်ပြီး အိပ်ခန်းကိုပြန်ရင်း တွေးမိတာက အိမ်ပြန်ချိန်တိုင်း ဒီလက်ကိုတွဲထားခွင့်ရချင်မိတယ်။ ကျွန်တော်ရဲ့ နွေးထွေးမှုရှိတဲ့ ခိုနားရာအိမ်ကို ညွှန်ပြပါဆိုလျှင် မလွဲမသွေ သူမရှိရာအရပ်ကိုသာ ညွှန်ပြဖြစ်မည်။ သူမကသာ ကျွန်တော်တော့်ရဲ့ နှလုံးသားရဲ့ ကွန်းခိုရာအိမ်ဂေဟာအဖြစ် တည်ရှိရှိနေခဲ့တာ ၁၀စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီ။ သူမနှလုံးသားရဲ့ ကွန်းခိုရာအိမ်ဟာ ကျွန်တော်ဖြစ်ခွင့်ရှိတယ်ဆိုတဲ့အဖြေကို သူမရဲ့ မျက်ဝန်းတွေကနေ ကျွန်တော်မြင်နေရတယ်.....
"Nini ရေ Roseတို့ စာပို့လာတယ် ညနေကျရင် Teamတွေအားလုံးစုံပြီး ညစာစားဖို့ရှိတယ် အဲ့ဒါ Nini လိုက်ခဲ့ပါ့လား"လို့ ကျွန်တော်ဆိုတော့
အပြုံးဖွဖွလေးနဲ့အတူ "Liliက တို့ကို လိုက်စေချင်လို့လား? လူရှုပ်တာကို သဘောမကျပေမယ့်လည်း Liliလိုက်စေချင်ရင် လိုက်ခဲ့မယ်လေ"လို့ တုန့်ပြန်လာတဲ့သူမ။ ကိစ္စသေးသေးလေးတွေကအစ သူမရဲ့ဆန္ဒထက် ကျွန်တော့်ဆန္ဒကို ဦးစားပေးတတ်တဲ့သူမ .........ကြွေနေပြီးသားကို ဒီထက်ပိုပြီး ကြွေကျအောင် မလုပ်ပါနဲ့တော့လားလို့ အော်ပြောလိုက်လို့ရရင် အော်ပြောလိုက်ချင်တယ်။
Jennie's POV
ကျွန်မLiliကို သဘောကျတဲ့ထဲမှာ သူ့ရဲ့အလိုက်သိတတ်လွန်းတဲ့ အပြုအမူလေးတွေက တစ်ခုအပါအဝင် ကျွန်မဘက်က ဘာမှမပြောရသေးခင် ကျွန်မအနေရမခက်အောင် တွေးပေးတတ်လွန်းသူ...... အခုလည်း ညစာသွားစားဖို့ ကျွန်မရေချိုးပြင်ဆင်နေတုန်း ကျွန်မအဝတ်အစားလဲတဲ့အခါ အနေရမခက်အောင် ဝရန်တာဘက်ကို ရှောင်နေနေပေးပြန်တယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...