Chapter-29

537 45 3
                                    

ချစ်ခြင်းမေတ္တာရဲ့ ဆွဲခေါ်ရာနောက် လွင့်မျှောနေတဲ့ ချစ်သူနှစ်ဦးကို တံခါးခေါက်သံက လက်တွေ့လောကထဲကို ပြန်ရောက်လာအောင် ဆွဲခေါ်လိုက်တယ်။

"Park Chaeyoungဆိုတဲ့ ရှဉ့်စုတ်တံခါးလာခေါက်တာဆိုရင်တော့ အဲ့ရှဉ့်စုတ်ဒီနေ့ ကြွက်စုတ်ဖြစ်သွားအောင် အရေခွံနွှာပြစ်မယ်"လို့ ကျိန်းမောင်းနေတဲ့ Darlingရဲ့ စိတ်တိုနေတဲ့မျက်နှာလေးကိုကြည့်ပြီး Jenမှာချစ်မဝ တင်းနေတဲ့မေးရိုးလေးကို လက်နဲ့အသာပွတ်လိုက်တော့ စိတ်တိုနေတဲ့ဘဲပေါက်လေးက ချစ်စဖွယ်ပြုံးပြလာပြီး "ချစ်တယ်"လို့ ဆိုလာပြန်တယ်

တံခါးကိုဖွင့်လိုက်တော့ ထင်ထားတဲ့အတိုင်း Roséက တံခါးနောက်မှာရပ်နေလေရဲ့

"နင်တို့ကို ပြိုင်ပွဲကိစ္စဆွေးနွေးဖို့ အောက်မှာထိုင်စောင့်နေကြတာ မရောက်လာသေးလို့ ငါလာခေါ်တာ"

"ပွဲစီစဉ်ကျင်းပသူက World Street Dance Competitionမစခင်မှာ ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ Popular Dancer Competitionလေး တစ်ခုလုပ်ချင်တယ်လို့ ငါတို့ကို ဆက်သွယ်လာတယ်။ လောလောဆယ် အင်တာနက်မှာ မဲပေးရွေးချယ်ကြတဲ့အထဲမှာ ငါရယ်၊ Lisa၊ Rosé ၃ယောက်ကို Pkဖို့ ပရိသတ်တွေက တောင်းဆိုနေတယ်။ Lisaနဲ့ Roséသဘောထားကိုလည်းသိချင်လို့"

Kaiရဲ့အမေးကို Lisaတစ်ယောက်က သဘောတူကြောင်းခေါင်းညိမ့်ပြပြီး Roséတစ်ယောက်ကတော့ သူရဲ့ idolနဲ့ Pkရမယ်ဆိုတဲ့အသိကြောင့် ဝမ်းသာအားရ သဘောတူကြောင်းပြောနေလေရဲ့။ Jenကတော့ သူချစ်ရတဲ့ Lisaရဲ့လက်ကို တင်းတင်းလေးဆုပ်ကိုင်ထားလျက် ချစ်ရတဲ့သူမျက်နှာလေးကို ကြည့်မဝဖြစ်နေလေရဲ့...........

Time skip...........

Jenကို အိမ်ပြန်ပို့ပြီးတော့ Lisaတစ်ယောက် အိမ်ကို မပြန်သေးဘဲ အိမ်ရှေ့ဓါတ်တိုင်အောက်ကနေ Jenအခန်းလေးကို ငေးကြည့်လျက်.........

"Jen စောစောအိပ်တော့နော် ညဉ့်နက်တဲ့အထိ အလုပ်လုပ်မနေနဲ့။ မီးသေချာပိတ်ဦးနော်။ အရမ်းချစ်တယ်"ဆိုတဲ့ စာလေးကြောင့် Jenရင်ထဲမှာနွေးကနဲ တပြိုင်နက်တည်း ဖုန်းဆက်လိုက်တော့ "Babyက ကိုယ့်ကို သတိရသွားလို့လား"လို့ ချစ်စဖွယ်ဆိုလာပြန်တယ်။

Love Of My LifeWhere stories live. Discover now