Jennie's POV
Liliကို ချစ်သူအနေနဲ့ပိုးပန်းဖို့ ခေါင်းညိတ်လိုက်တဲ့နေ့ကစပြီး--
တစ်နေ့တာကို အိပ်ယာမနိုးခင်ရောက်လာတတ်တဲ့ " Good Morning Nini"ဆိုတဲ့ စာလေးတစ်စောင်နဲ့အတူ ရင်ထဲကို တိုးဝင်လာတဲ့ ပျော်ရွှင်ကြည်နူးခြင်းတွေက တားမနိုင်ဆီးမရ....
"Niniလေး အလုပ်ရှုပ်ပြီး မနက်စာလွှတ်သွားမှာစိုးလို့ ကိုယ်မနက်စာလေးကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပို့ပေးလိုက်တယ်နော်"ဆိုတဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် သူ့လက်ရေးနဲ့ သေချာရေးထားတဲ့စာလေးနဲ့ အတူရောက်လာတဲ့ မနက်စာကြောင့် Jenအစားပုံမှန်စားဖြစ်နေတယ်။ အခုတောင် လူကပြည့်လာတော့ နောက်မှသူ့ကို ရန်တွေ့ဖို့ တေးထားရတာကလည်း အလုပ်တစ်ခု......
Jenရဲ့ ကမ္ဘာထဲကို Liliဆိုတဲ့လူသားလေးက တစ်နည်းမဟုတ်တစ်နည်းနဲ့ နေ့တိုင်းအလည်လာနေကျ.... စာပို့ရတာ အားမရတဲ့အခါ "လွမ်းလို့ပါ" "Niniကို မတွေ့ရသေးတော့ အကလေ့ကျင့်ရတာ အားမရှိဘူး" "Niniအသံလေးကြားမှ Liliကမ္ဘာကြီးက ပြည့်စုံသွားတာ" စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ Video Call ခေါ်လိုက် ဖုန်းဆက်လိုက်နဲ့ လုပ်တတ်တဲ့ ကလေးလေး။
သူ့အပြောတွေကြောင့် "အရင်က ကိုယ်သိထားတဲ့ Liliက စကားနည်းပြီး စကားသိပ်မတတ်တဲ့သူပါ အခုLiliကတော့ စကားတတ်လွန်းလို့ Niniကိုရောင်းစားမှာကြောက်ရတယ်။ အရင်က Liliနဲ့ အခု Liliက တစ်ယောက်တည်းဆိုတာ သေချာရဲ့လား"လို့ စနောက်တဲ့အခါတိုင်း
"Liliက စကားတတ်တာမဟုတ်ဘူး အချစ်ရဲ့ ရင်ထဲက အချစ်တွေက များလွန်းတော့ စကားလုံးတွေ အဖြစ်ဖွင့်အန်ကျလာတဲ့အခါ စကားတတ်တယ်လို့ ထင်ရသွားတာ။ တကယ်တမ်းက ရင်ထဲကခံစားချက်တွေက စစ်မှန်လွန်းနေတာ။ အရင်က Liliနဲ့ အခု Liliက တစ်ယောက်တည်းပဲ တစ်ခုတည်းသော ကွဲပြားသွားတဲ့အရာက မနေ့က Liliထက် ဒီနေ့Liliက Jennie Kimဆိုတဲ့ လူသားလေးကို ပိုချစ် ပိုမြတ်နိုးလာတာပဲ"လို့ သူကလေးလေးနက်နက် ပြန်ပြောတတ်တယ်။
သူရဲ့ အပြုအမူအတိုင်း စကားလုံးတိုင်းမှာ Jenအပေါ်မှာထားတဲ့ တန်ဖိုးထားမှု၊ ချစ်ခြင်းတွေနဲ့ အလေးထားမှုတွေကို အထင်းသားမြင်နေရပြီး Liliဟာ သူ့ချစ်ခြင်းတွေနဲ့အတူ Jenခံစားနေရတဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေအကြောင်းတွေကို မတွေးမိတော့တဲ့အထိ သူ့ချစ်ခြင်းနဲ့အတူ နွေးထွေးစေခဲ့တယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...