Chapter-14

629 68 5
                                    

Lisa's POV

မနက်အစောကြီးထကာ ငယ်စဉ်က ကစားကွင်းသွားဖို့အတွက် ရင်ခုန်နေတဲ့ ကလေးတစ်ယောက်လို ကျွန်တော် ပျော်နေမိတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ကားအတူတူစီးပြီး ပထမဆုံးသွားရမယ့်ခရီးဆိုတဲ့အတွေးက ဒီခရီးအတွက် မျှော်လင့်စောင့်စားခြင်းတွေကို ပိုမိုပြီးပြည့်စုံစေတယ်။

Jackson ဆီက "Leaderရေ MD G.Dဖုန်းဆက်လာတယ်။ SMက သူတို့ရဲ့ Busပျက်နေလို့ ပြင်ဖို့အချိန်မမှီနိုင်လို့ ကျွန်တော်တို့နဲ့ ကားကြုံလိုက်မယ်လို့ပြောလို့ လက်ခံလိုက်တယ်လို့ လှမ်းပြောလာတယ်"ဆိုတဲ့ သတင်းက ကျွန်တော်အတွက်တော့ သတင်းဆိုးကြီးတစ်ခုပင်။ စိတ်ထဲမှာ ကိုယ်အကြိုက်ဆုံး မုန့်ကို အလုခံရတော့မှာမို့ စိတ်ပူနေရတဲ့ ခံစားချက်မျိုး။ ရင်ခုန်ပျော်ရွှင်ခြင်းတွေလည်း လေထဲမှာ အကုန်လွှင့်ပြယ်သွားလို့.........

တခါတလေ ရင့်ကျက်ပြီး လူကြီးလူကောင်းပီသရတာကို ကျွန်တော်မုန်းမိတယ်။ ဖြစ်နိုင်ရင် ကလေးတစ်ယောက်လို ဘယ်သူ့မျက်နှာကိုမှ ထောက်စရာမလိုဘဲ ကိုယ်မကြိုက်တာကို မကြိုက်ဘူး မလိုချင်တာကို မလိုချင်ဘူးဆိုပြီး ကလေးတစ်ယောက်လိုပဲ ပြောခွင့်ရချင်တယ်။ ကျွန်တော်စိတ်ထင်ရာ လျှောက်လုပ်ပြီး ထင်တိုင်းကြဲလိုက်ရင် ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့ရဲ့ နာမည်ပါထိခိုက်ပြီး ခုမှတက်သစ်စ ကျွန်တော်တို့အဖွဲ့အတွက်ရော အသင်းသားတွေအတွက်ပါ ဘာမှကောင်းကျိုးမရှိတဲ့အတွက် ကိုယ့်ဖြစ်ချင်တာကို နောက်ဆုတ်ပြီး ဖြစ်သင့်တာကိုပဲ ဦးစားပေးရတော့မည်.....

Time Flies.........

ကျွန်တော်တို့ Memberတွေအားလုံး Jejuကိုသွားဖို့အတွက် Busကားပေါ်ကို Luggageတွေ အဆင်သင့်ထည့်နေတုန်း SMအဖွဲ့ကလည်း ရောက်လာကြပြီ။ ကျွန်တော်မျှော်နေတဲ့သူလေးရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရသေး.... Nini အအိပ်မက်တယ်လို့ Jisso Unnieပြောပြဖူးထားတော့ ခုလည်းအိပ်ယာထနောက်ကျလို့ နောက်ကျနေတယ်ထင်ပါတယ်......

နောက်၁၀မိနစ်လောက်ကြာတော့ ကျွန်တော်မျှော်နေတဲ့ ကျွန်တော့်ရဲ့ နတ်သမီးလေး အဖြူရောင် Crop Topလေးကို အပေါ်ကနေ ဂျာကင်အမဲလေးထပ်ထားပြီး ဂျင်းဘောင်းဘီအနက်လေးကို ဝတ်ဆင်ထားပြီး သဆံပင်ကို ဒီတိုင်းလေးချထားတာလေးက သူ့အလှကို ထင်ပေါ်စေလှတယ်။ နေကာမျက်မှန်တပ်ထားပေမယ့်လည်း သူ့ရဲ့ရဲရင့်စူးရှပြီး ယုံကြည်မှုတွေပြည့်နေတဲ့ သူမရဲ့ မျက်ဝန်းက စူးရှတဲ့ လှိုင်းတစ်ခုကို အပြည့်အဝမဖုံးထားနိုင်။ သူမရဲ့ ခြေလှမ်းတွေနဲ့အတူ ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကလည်း တစ်စတစ်စမြန်ဆန်လာပြန်တယ်။ ကျွန်တော်နှလုံးသားပေါ်မှာ ဒီလိုကြီးမားတဲ့ လွမ်းမိုးမှုတွေရှိနေတာ Jennie Kimဆိုတဲ့ လူသားလေးက လွဲပြီး တခြားသူထပ်မရှိနိုင်တော့ဘူးဆိုတာ အချိန်ကြာလာတဲ့နဲ့အမျှ ပိုပိုသေချာခိုင်မာလာခဲ့ပြီ........

Love Of My LifeWhere stories live. Discover now