ထမင်းစားပြိးကြတော့ တခြားသူတွေ ထမင်းစားခန်းမှာ ဆက်ပြီးစကားပြောရင်း သောက်နေကြတုန်းမို့ Darlingက "Babyသူတို့တွေ ကြာဦးမယ်ထင်တယ် ကိုယ့်အခန်းထဲမှာ အရင်ခဏနားနှင့်မလား ပြီးရင်ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"လို့ပြောလာတော့ Jenလည်းအသာတကြည်ခေါင်းညိမ့်လိုက်မိတယ်။ အခန်းရှေ့ရောက်တော့ တစ်ခုခုကို သတိရသွားတဲ့ပုံစံနဲ့ Darlingက အခန်းထဲကို ဝင်ခွင့်မပေးသေးဘဲ ခဏစောင့်ဦးဆိုပြီး အလောသုံးဆယ်ဝင်သွားလေရဲ့ အခန်းထဲကို မရောက်ဖူးတာလဲမဟုတ် ဘာတွေများ ဖွက်ထားလို့ အဲ့လောက်ကို ပြာနေရတာလဲမသိ...........
Babyကို အခန်းကိုခေါ်လာပြီးမှ "Love Box"ကို မသိမ်းရသေးတာကို အမှတ်ရပြီး အခန်းထဲကို အလောသုံးဆယ်ပြေးဝင်ပြီး အဝတ်စတစ်ခုနဲ့ ပြေးအုပ်ရပြန်တယ်။ Babyကတော့ အခန်းရှေ့မှာ မျက်နှာလေးဆူပုတ်ပြီး ကျန်ခဲ့လေရဲ့ အကြာကြီးလုပ်နေလို့ကတော့ အမှုပိုကြီးသွားနိုင်တယ်။ အထဲကိုဝင်လို့ရပြီပြောတော့မှ စူပုတ်ပုတ်လေးနဲ့ အခန်းထဲကို ဝင်လာပြန်တဲ့ဘေဘီ။ ကံကြမ္မာကလည်း ကိုယ့်နောက်ပါလိုက်ပုံက Babyအခန်းထဲကိုရောက်လာမှ အလောသုံးဆယ်နဲ့အုပ်ထားတဲ့ ပုဝါက လျှောကျလေရဲ့ Babyမမြင်ပါစေနဲ့လို့ ဆုတောင်းလိုက်တာ မအောင်မြင် မြင်ဖြစ်အောင်မြင်သွားလေရဲ့ "အဲ့သေတ္တာကဘာလဲ ယူ့အတွက် တော်တော်အရေးကြီးတဲ့ပုံပဲ သေတ္တာပေါ်မှာလည်း ဆွဲထားတာ အသဲပုံတွေပြည့်လို့။ ခုနက ပြေးဝင်လာတာ အဲ့ဒါကို ဖွက်ဖို့လား? တို့မမြင်သင့်တဲ့အရာ လျှို့ဝှက်ရမယ့်အရာတွေ အခန်းထဲမှာရှိနေတော့ တို့ထွက်သွားပေးသင့်တယ်ထင်တယ်?"ဆိုတဲ့စကားကို စူပုတ်ပုတ်မျက်နှာထားလေးနဲ့ဆိုလာလေရဲ့။ သေတ္တာပေါ်က Jacksonလက်ကမြင်းပြီး ဆွဲထားပေးတဲ့အသဲပုံနဲ့ ကိုယ့်ရဲ့အလောသုံးဆယ်အမူအရာတွေကြောင့် သေချာပါတယ် Babyအထင်လွှဲပြီး သဝန်တိုနေပြီဆိုတာ.......ကိုယ့်အချစ်ကလေးက သဝန်တိုတဲ့အခါ အဲ့လိုလေးလည်းရွဲ့တတ်သေးတာ ချစ်ဖို့ကောင်းလွန်းလို့ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်မိတယ်။ ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့ ကိုယ့်ရင်ဘတ်ကို လက်သီးဖွဖွလေးနဲ့ထုပြီး ရုန်းနေလေရဲ့......... နဖူးလေးကို ဖွဖွလေးနမ်းလိုက်တော့မှ ငြိမ်သွားပြီး..... ကိုယ့်ကိုမော့ကြည့်လာတဲ့ ချစ်မဝလေး..............
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...