Chapter-10

816 63 10
                                    

Lisa's POV

နောက်နေ့အခမ်းအနား ပိတ်ပွဲမှာ သူမတို့ရဲ့ Solo Team Memberဟောင်းတွေကို အတူတူရှေ့ဆုံးတန်းမှာ အတူတူထိုင်နေကြရတာတွေရေတော့ ဘာရယ်မဟုတ် သူမဘဝရဲ့ အတောက်ပဆုံးအချိန်တွေမှာ သူနားမှာ ရှိခွင့်ရခဲ့ကြတဲ့ Kaiကို သဝန်တိုမိသေးတယ်။ သူ့က ကိုယ့်အတွက် Right Personဖြစ်ခဲ့ပေမယ့်လည်း ကိုယ်က သူ့ဘဝထဲကို ဝင်ရောက်ဖို့ရာအတွက်က Wrong Timingဖြစ်နေခဲ့တာပဲလေ။ သူမရှေ့ဆက်ရမယ့် နေ့ရက်တိုင်းမှာ ဘေးနားမှာ ကောင်းတူဆိုးဘက် အရာအားလုံးကို မျှဝေခံစားပေးနိုင်ပြီး သူပျော်တဲ့အခါ သူ့အပြုံးတွေကို ကြည့်ပြီး ကိုယ်ပျော်မယ်။ သူဝမ်းနည်းတဲ့အခါ နှစ်သိမ့်မှေးခိုရာ ရင်ခွင်အနေနဲ့ ရှိနေပေးချင်တယ်။ ကိုယ်လောဘကြီးတယ်လို့ပဲ ဆိုရမလား သူမနဲ့ သက်ဆိုင်တဲ့အရာတိုင်း ဖြစ်စဉ်တိုင်းမှာ ကိုယ်ဆိုတဲ့လူသား ပါဝင်ခွင့်ရချင်နေမိတယ်။ အရေးပါတဲ့လူမဟုတ်ရင်တောင် သူမအတွက် အမြဲရှိနေပေးမယ့်သူတစ်ယောက် အနေနဲ့ပေါ့။ ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ်မျှောနေတာ ကျွန်တော့်ဘေးက Bam Bamက ပခုံးကိုလှမ်းတို့မှ အခမ်းအနားပြီးမှန်း သတိဝင်တဲ့အဖြစ်။

ကျွန်တော်နဲ့ Bam Bamအပြင်ဘက်ကို ရောက်တော့ ကျွန်တော့်ရဲ့ နတ်သမီးလေးဘေးမှာ Roseနဲ့ Jisooတို့၂ယောက်က တိုးတိုးနဲ့ စကားပြောရင်း အဖော်ကျနေကြပြီ။ ဒီ၂ယောက်ကို ကြည့်ရတာတစ်ခုခုတော့ တစ်ခုခုပဲ အကြည့်တွေကအစ မရိုးသား။ ဒါသူတို့၂ယောက်ကိစ္စပဲလေ ကိုယ်ဝင်ပါလို့မကောင်း။ 

ကျွန်တော်တို့ သူတို့နားကိုရောက်သွားတော့ Roseကနေစပြီး"ငါတို့တွေ သွားလည်ကြရအောင် Busanမှာက လည်စရာ စားစရာတွေပေါတာဆိုတော့"လို့ပြောလာတော့ Jisooက "ကြက်ကြော်ကောင်းကောင်းလည်းရှိတယ်။ ဒါပေမယ့် ဘယ်သူက ဂိုက်လုပ်မှာလဲ"လို့ အော်တော့ Roseက "Lisaရှိနေတာပဲ သူကဒီမှာပဲ ကြီးတာဆိုတော့ ဒီနေရာကို ကျွမ်းပြီးသား"လို့ ပြောလာတော့ ကျွန်တော့်ရဲ့ နတ်သမီးလေးက "ဟုတ်လား Liliက ဒီမှာကြီးတာလဲ ဒို့တောင်မသိပါလား။ ဒို့တွေတော့ ဂိုက်ကောင်းကောင်းရှိပြီပေါ့"လို့ ပြုံးရင်းပြောလာတော့ ကျွန်တော်လူများတဲ့နေရာ အပြင်တွေ​ေလျှောက်လည်ရတာမကြိုက်ပေမယ့်လည်း သူမကျွန်တော့်ကို ခေါ်လိုက်တဲ့ လီလီဆိုတဲ့ နာမ်စားလေးနဲ့အတူ မျှော်လင့်ခြင်းအပြည့်နဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်းမေးလာတဲ့ အကြည့်တွေကို ကျွန်တော်မငြင်းရက်တော့ဘဲ "Nini လည်ချင်တယ်ဆိုရင်တော့ ကိုယ်ဂိုက်လုပ်ပေးပါ့မယ်"လို့ သူ့ကိုကြည့်ရင်း ပြောလိုက်မိတယ်။

Love Of My LifeWhere stories live. Discover now