Chapter-5

850 77 4
                                    

Lisa's POV

ကျွန်တော် ၀ရန်တာမှာရပ်နေရင်း ဖုန်းအသံမြည်လာတော့ ဖုန်းကိုင်လိုက်တော့" မင်္ဂလာပါMiss Lisaလားရှင့် ရှင်မှာထားတဲ့ H.E.Rရဲ့ Private Showလက်မှတ်လေးရပါပြီနော်။ Street Dance Of Asia Hostel Venue Receptionမှာ ထားခဲ့ပေးပါတယ်ရှင့်"လို့ပြောပြီး ဖုန်းချသွားတယ်။ မနက်ဖြန် ပြိုင်ပွဲရှိသေးတဲ့အတွက် အိပ်ယာ၀င်ဖို့ ဆုံးဖြတ်ပြီး အိပ်ယာ၀င်ခဲ့ပေမယ့် အချိန်အကြာကြီးနေမှ အိပ်ပျော်တော့တယ်။

နောက်ရင် မနက်ခင်း ကျွန်တော် မနက်စာစားဖို့သွားတော့ Bam Bam, Jacksonတို့က အစားမသောက်ကောင်တာမှာ အစားအသောက်ထည့်နေကြပြီး မလှမ်းမကမ်းကစားပွဲမှာ ကျွန်တော်နတ်သမီးလေးက အစားမသောက်တွေထည့်ပြီးသွားတော့ Somiနဲ့အတူသွားထိုင်နေတယ်။

သူ့ပန်းကန်ထဲမှာ ကိတ်လေးထည့်ထားတာတွေ့တေယ့ ကျွန်တော်လည်း သူကြိုက်တဲ့အရသာလေး‌‌ကို ကျွန်တော်လည်းစားကြည့်ချင်တော့ တစ်ခုယူပြီး တစ်လုတ်စားကြည့်လိုက်တယ်။

ကျွန်တော့်ဘေးက Bam Bamကတော့ "Leaderနင် အချိုမစားဘူးဆို ဘာလိူ့စားနေတာလဲ"လို့ အံ့ဩတကြီးမေးတော့။

"စားတာမစားတာက စိတ်အခြေအနေပေါ်မူတည်တယ်။ ဒီနေ့ စိတ်ကပေါ့ပါးပျော်ရွှင်နေလို့စားတာ။ အင်းအရသာကောင်းတယ်" လို့ ကျွန်တော်ပြုံးပြီးပြန်ပြောလိုက်တယ်။

သူတို့ကတော့ ကျွန်တေယ့်ရဲ့ ထူးဆန်းတဲ့အရာကြီးတစ်ခုကို ကြည့်တဲ့အကြည့်တွေနဲ့ ကြည့်နေကြလေရဲ့။

ကျွန်တော်လည်း သူတို့ကို လျစ်လျူရှုပြီး ကျွမ်တော်နတ်သမီးလေးရဲ့ လှုပ်ရှားမှုတွေကို တမြတ်တနိုးလှမ်းကြည့်နေတဲ့အချိန် Dinning Roomထဲက လယတွေအားလုံးရဲ့အကြည့်က ၀င်ပေါ်ကဆီကို အသီးသီးရောက်သွားကြပြီး "Dance Legend Kaiမလား သူဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ"ဆိုတဲ့ တီးတိုးပြောဆိုသံတွေ ထွက်ပေါ်လာကြတယ်။

ကျွန်တော်လှမ်းကြည့်လိုက်တော့ သူကကျွန်တော့် နတ်သမီးလေးရဲ့ ခုံနားလေးကို ရောက်နေပြီ။ ကျွန်တော်ရဲ့ ပျော်နေတဲ့စိတ်တွေက ပျောက်သွားပြီး ချက်ချင်းပဲ Bam Bam နဲ့ Jacksonကို "မြန်မြန်စားကြ လေ့ကျင့်တာတွေလုပ်ရဦးမယ်"လို့ အသံမာမာနဲ့ပြောပြီး ထွက်လာခဲ့လိုက်တယ်။

Love Of My LifeWhere stories live. Discover now