Chapter-9

862 75 4
                                    

Jennie's POV

ကျွန်မနဲ့ အစ်မအားလုံး ချိန်းထားတဲ့နေရာကိုရောက်တော့ အားလုံးရောက်နေကြပြီ။ Bam Bamနဲ့ Jacksonတို့ကိုတွေ့တော့ သူတို့တွေက အခုချိန်ထိ Teamတူကြသေးတာလား Lisaကောပါလားလို့ မဆီမဆိုင်တွေးမိသေး။ သို့သော် Bam Bamတို့ကိုတော့ မမေးဖြစ်ခဲ့။

မိတ်ဆွေဟောင်းတွေ ပြန်တွေ့ကြတာဆိုတော့ အားလုံးနီးပါး သောက်လိုက် သီချင်းဆိုလိုက်နဲ့ မူးနေကြပြီ။ ကျွန်မကတော့ မနက်ဖြန် အလုပ်ကိစ္စ စီစဉ်စရာတွေ ရှိနေသေးတော့ မသောက်ဖြစ်ခဲ့။ အခန်းထဲမှာ နေရတာကြာတော့ မွမ်းကြပ်လာလို့ အားလုံးကို ကိစ္စလေးရှိလို့ အပြင်သွားခွင့်ပြုပါဦးလို့ ခွင့်တောင်းပြီး အပြင်ထွက်ခဲ့ပြီး ဓါတ်လှေခါးစောင့်နေတုန်း ဓါတ်လှေခါးတံခါးပွင့်လာတော့ ကျွန်မကို ၃နှစ်ကာလပတ်အတွင်း မေးခွန်းတစ်ပုံတစ်ပင်နဲ့ချန်ခဲ့တဲ့ သူ့ကို တွေ့လိုက်ရတော့

"မတွေ့တာကြာပြီနော်"ဆိုတဲ့ စကားတစ်ခွန်းကလွဲပြီး ကျွန်မတို့ ၂ယောက်လုံး စကားတစ်ခွန်းမှ မဟဖြစ်ခဲ့ကြ။ ကျွန်မလည်း Hotelခန်းထဲကိုသာ ပြန်ဝင်ခဲ့လိုက်တယ်။ သူ့ကို မေးချင်နေတဲ့ မေးခွန်းတွေကိုတော့  မမေးဖြစ်ခဲ့။

Lisa's POV

ကျွန်တော်၃နှစ်ဆိုတဲ့ကာလအတွင်း နေ့ညမပျက်တွေ့ချင်ခဲ့ပြီး သတိရနေခဲ့တဲ့သူ့ကို ပြန်တွေ့ရတော့ သူကအရင်အတိုင်းဘာမှ မပြောင်းလဲ တစ်ခုတည်းသော ပြောင်းလဲသွားတဲ့အရာကတော့ အရင်ကထက်ပိုလှလာပြီး ရင့်ကျက်လာတယ်။

ကျွန်တော်သူ့ကို စကားတွေအများကြီးပြောချင်ပေမယ့် သတ္တိတွေ ဘယ်ပျောက်နေလဲမသိ။ သူ့အခန်းရှိရာ အထပ်ကိုရောက်ပြီး သူ့အခန်းထဲကို သူဝင်သွားတဲ့အထိ ကျွန်တော် ဓါတ်လှေခါးနားမှာ မှင်သေနေမိတယ်။

.............. ကျွန်တော်ဒီအတိုင်းသာ ဆက်ပြီးသတ္တိနည်းနေမယ်ဆိုရင် နောက်တစ်ကြိမ်သူနဲ့ထပ်တွေ့ရမယ့်အချိန်က ဘယ်အချိန်ဖြစ်မလဲဆိုတာ မသိတော့...........အားတင်းရင်း သူ့ရဲ့ဖုန်းနံပါတ်ကို .......... အချိန်အတော်ကြာတဲ့အထိ ဖုန်းကိုင်မယ့်သူမရှိ.........သူငါ့ကို မတွေ့ချင်တော့ဘူးထင်ပါတယ်ဆိုတဲ့ အတွေးက ကျွန်တော့်ကိုနှိပ်စက်နေတယ်.......ကျွန်တော်ဖုန်းချလက်လျှော့တော့မယ်အချိန်မှာ......."Hello Lisa"ဆိုတဲ့ ချိုမြိန်တဲ့သူရဲ့အသံလေး........

Love Of My LifeWhere stories live. Discover now