Chapter-18

622 74 4
                                    

Jennie's POV

Jejuကနေပြန်လာပြီးကတည်းက Liliက ကျွန်မကို မဆက်သွယ်ခဲ့သလို ကျွန်မကလည်း ဆက်သွယ်ဖို့ မကြိုးစားမိခဲ့ နီးစပ်လို့မရတဲ့အတူ ဒီအတိုင်းလေးပဲ ကိုယ့်နေရာမှာ ကိုယ့်ဘာသာကိုယ် အသီးသီးရပ်နေကြတာ ပိုမကောင်းဘူးလား။ 

ရှေ့ဆက်တိုးမိလို့ ပိုဝေးသွားခဲ့မယ်လို့ တွေးရုံနဲ့ ကျွန်မရဲ့ ဘယ်ဘက်ရင်အုံက နှလုံးသားလေးက တဆစ်ဆစ်နာကျင်ရပြန်တယ်။ 

ညတိုင်းကြားနေကျ Liliရဲ့အသံလေး၊ မိုးလင်းတိုင်း ကိုယ့်အမြဲဖွင့်ကြည့်ဖြစ်တဲ့ ဖုန်းထဲကLiliရဲ့ နှုတ်ဆက်စကားလေးတွေ၊ ကိုယ်မမောတမ်းနားထောင်နေကျ သူ့ရဲ့တစ်နေ့တာ ဖြတ်သန်းခဲ့ပုံနဲ့ ရင်ဖွင့်သံလေးတွေနဲ့ ဝေးခဲ့တာ တိတိကျကျပြောရရင် နာရီပေါင်း 160.........

Liliကို သတိရလားလို့ မေးခဲ့ရင် သတိရတာထက်ကို ပိုပြီး ရင်ထဲကနေ နင့်နင့်သည်းသည်းကို လွမ်းနေမိခဲ့တာလို့ ကျွန်မ ဖြေမိမယ်.........

ကျွန်မရဲ့ ဘဝထဲကနေ Liliဆိုတဲ့ လူသားလေး အလည်လာဖို့ မေ့နေတဲ့အချိန်တွေတိုင်းက ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်း အဓိပ္ပါယ်ကင်းမဲ့နေတဲ့ နေ့စွဲတွေ........

ကျွန်မရဲ့ အချစ်အတွက် ရူးမိုက်လိုက်တာတာကြောင့် ထိခိုက်မယ့်သူဟာ ကျွန်မ တစ်ယောက်တည်းသာ ဖြစ်မယ်ဆိုရင် ဘာမကိုမှ မစဉ်းစားဘဲ ကျွန်မရူးမိုက်မိလိမ့်မယ်။ 

ကျွန်မရဲ့ ချစ်ခြင်းကြောင့် ရူးမိုက်မှုမိတဲ့နောက်မှာ ကပ်ပါလာတာက ကျွန်မချစ်ရတဲ့ Liliဆိုတဲ့ လူသားလေးရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ထိခိုက်လာနိုင်တယ်ဆိုရင် ကျွန်မနှလုံးသားနဲ့ ချစ်ခြင်းကို သိမ်းထားပါရစေ။ 

တခြားသူအမြင်မှာ အချစ်အတွက် သတ္တိမရှိတဲ့သူ ဖြစ်ကောင်းဖြစ်နေမယ် Liliအနာဂတ် မထိခိုက်ဖို့ရာအတွက် ကျွန်မ နှလုံးသားကို သတ္တိရှိရှိနဲ့ Liliအတွက် စတေးခွင့်ပြုပါ။ 

မနီးစပ်နိုင်တော့ပေမယ့်လည်း မဝေးတဲ့နေရာတစ်ခုမှာ Liliဆိုတဲ့လူသားလေး အလှပဆုံး ပွင့်လန်းနေတာကို ကျွန်မမြင်တွေ့ခွင့်ရနိုင်သေးတာပဲလေ။

Love Of My LifeWhere stories live. Discover now