Chapter-21

603 54 3
                                    

Lisa's POV

Niniဆီကို ပန်းစည်းနဲ့ ပန်းချီကားလေးပို့ပြီးကတည်းက တစ်ယောက်ကိုတစ်ယောက် ရှောင်နေတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပေမယ့်လည်း မနက်ခင်းတိုင်း "Good Morning"လို့ စာလှမ်းပို့ပြီး၊ နေ့ခင်းတိုင်း ထမင်းစားဖို့ သတိပေးရတာ၊ ညတိုင်း "Good Night"လို့ လှမ်းနှုတ်ဆက်ရတာ ကျွန်တော့်အတွက် မပြတ်မကွက် ထမ်းဆောင်ဖြစ်တဲ့ အရာတစ်ခု........

Niniဆီကနေ ကျွန်တော်စာပို့တိုင်း ပို့လာတတ်တဲ့ You too Liliဆိုတဲ့ ရိုးရှင်းတဲ့စာကြောင်းလေး..........သူစိမ်းဆန်သွားတယ်လို့ တွေးလို့ရသလို ကျွန်တော့်ကို သူခေါ်နေကျ Liliဆိုတဲ့ နာမ်စားစားလေးက အရင်အတိုင်းမပြောင်းလဲသေးတော့ ကျွန်တော့်အပေါ်မှာထားရှိတဲ့ သူရဲ့ခံစားချက်တွေ အရင်အတိုင်း မပြောင်းလဲသေးဘူးလို့  မျှော်လင့်လို့လည်း ရသေးတယ်မဟုတ်လား???? 

ဘယ်လိုအခြေအနေအထားတွေပဲ ဖြစ်လာပါစေ ကျွန်တော်ဆိုတဲ့ လူသားက Niniရှိရာဆီအရပ်မှာပဲ ဖြစ်တည်ပြီး Niniရဲ့ ဘဝစက်ဝန်းအတွင်းမှာပဲ ရှင်သန်နိုင်တာမို့ Jennie Kimဆိုတဲ့ လူသားလေးအနားမှာ အမြဲရှိနေမှာပါ.............

ချစ်တယ်ဆိုတာထက် ပိုတဲ့မြတ်နိုးခြင်းတွေနဲ့ အဝေးဆုံးကနေ ဒီထိရောက်အောင် ၁၀စုနှစ်တစ်ခုစာ ခရီးနှင်ခဲ့ပြီးသားလူသားမို့ နောက်ထပ်ရာသီစက်ဝန်းတွေ ထပ်စောင့်ရလည်း ဇနကမင်းသားတောင် အရှုံးပေးရမယ့် ဇွဲထက်သန်ခြင်းတွေနဲ့ Niniရဲ့ အချစ်တွေကို ဇွဲရှိရှိနဲ့ စောင့်နေပါ့မယ်.........

Time skip........

Chaeyoungတစ်ယောက် အကသေချာမလေ့ကျင့်နိုင်ဘဲ တမှိုင်မှိုင် တတွေတွေဖြစ်နေတာ ၃၊၄ရက်ရှိရှိနေပြီ ပြိုင်ပွဲရက်ကလည်း နီးနေပြီး ဒီအတိုင်းဆက်သွားရင် ပြိုင်ပွဲမှာ သေချာပေါက် အဆင်မပြေနိုင် ဒီအကြောင်းကို Niniနဲ့ စကားဆက်စပ်မိရင်း ပြောဖြစ်တော့ Jisoo Unnieလည်း အိမ်မှာ တမှိုင်မှိုင်တတွေတွေနဲ့ စကားလည်းမပြော ထမင်းလည်းကောင်းကောင်းမစားဘူးဆိုတော့.........

သေချာတယ် သူတို့၂ယောက်ရန်ဖြစ်ထားကြပြီဆိုတာ Niniဆီက ပြန်သိရသလောက် ရှေ့၂ရက်၊၃ရက်က Jisoo Unnieရဲ့ဖုန်း ပျက်သွားလို့ ပြင်ထားတာကို Somi Unnieက လမ်းကြုံဝင်ယူပေးပြီး အိမ်အထိလာပေးတာကို Chaeyoungတစ်ယောက် သဝန်တွေတိုပြီး သူ့ကိုကျအားမကိုးဘဲ Somiကိုပဲ လှမ်းအားကိုးပါတယ်ဆိုပြီး ရစ်ရာကနေ ရန်ထဖြစ်ကြတယ််ဆိုတာ ပြန်သိရတယ်။

Love Of My LifeWhere stories live. Discover now