Time Flies The Next Day
မနက်ခင်း နေရောင်ခြည်ရဲ့ နွေးထွေးမှုနဲ့အတူ လေပြေညှင်းတွေတိုက်ခတ်နေတဲ့ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ အားကစားလုပ်တဲ့သူအနည်းငယ်နဲ့ သာယာလှပနေတယ်။ သဲသောင်ပြင်ရဲ့ မလှမ်းမကမ်းမှာ ချစ်စရာ အရပ်လေးနဲ့ ကောင်မလေးတစ်ယောက်ဖြေးဖြေးချင်းလမ်းလျှောက်နေတယ်......
Lisa's POV
ကျွန်တော်မနက်ခင်းနိုထလာတာနဲ့ အတွေးထဲမှာ "ငါJennieကို သူ့ကြောင့် ငါဆိုတဲ့လူသား ဒီအကလောကထဲကို ၀င်ရောက်လာတာပါ၊ သူ့အပေါ်မှာဖြစ်နေတဲ့ ငါ့ရဲ့စိတ်ခံစားချက်တွေကို အေးဆေးတည်ငြိမ်စွာ ပြောခွင့်ရဖို့ နီးစပ်လာပြီ"ဆိုတဲ့ အတွေးတွေးနဲ့ အစပြုနိုးထခဲ့ပြီ။
မနက်ခင်းစောစောစီးစီးနိုးနေပြီး ပြန်အိပ်လိူ့မရတော့တာနဲ့ သဲသောင်ပြင်ပေါ်မှာ အားကစားလုပ်ဖို့ အ၀တ်အစားလဲပြီး ကျွန်တော်ထွက်ခဲ့လိုက်တယ်။
သဲသောင်နားအရောက် မလှမ်းမကမ်းမှာ လှမ်းမြင်ရတဲ့ မြတ်နိုးတဲ့ကျောပြင်လေးက ကျွန်တော့်ရဲ့ မနက်ခင်းကို လှပပြည့်စုံသွားစေတယ်။ ကျွန်တော်သူ့အနားကို အပြေးလေးသွားမိတယ်။ ဒါကျွန်တော်သူနဲ့ ပထမဦးဆုံး ၂ယောက်တည်း အတူရှိခွင့်ရတာပါလားဆိုတဲ့အတွေးက ကျွန်တော့ရင်ခုန်နှုန်းကို မြန်ဆန်စေတယ်။
"Jennieဒီမှာတစ်ယောက်တည်းဘာလုပ်နေတာလဲ"ဆိုပြီး လှမ်းနှုတ်ဆက်တော့ "ဒီတိုင်းအစောကြီးနိုးနေပြီး ပြန်အိပ်မရတော့လို့ လမ်းလာလျှောက်တာ Lisaရော ပြန်အိပ်မရတော့လို့လား" ပြုံးပြုံးလေး ပြန်မေးနေတဲ့ ကျွမ်တော်ရဲ့ နတ်သမီးလေးရယ်ပါ။ ကျွန်တော်"ဟုတ်"လို့ပြန်ဖြေပြီး သူနဲ့အတူ လမ်းလျှောက်ရင်း ဒီအပြုံးတွေကို ကျွန်တော်အမြဲသိမ်းထားခွင့်ရချင်တဲ့ ဆန္ဒတွေဖြစ်နေမိတာ ကိုယ်တိုင်ပဲသိတယ်။
လမ်းလျှောက်နေရင်းတစ်နေရာရောက်တော့ ကျွန်တော့်ဘေးက Jennieလေးက ခုမှလမ်းလျှောက်သင်စ ကလေးအလား ခြေချော်ပြီးလဲကျပါရော။ ကျွန်တော်လှမ်းဆွဲချိန်တောင်မရလိုက်ပဲ ခွေခွေလေးလဲနေပြီး ကျွန်တော်အရမ်းချစ်ရတဲ့ Gummy Smileလေးနဲ့ ပြုံးနေလေရဲ့။ ကျွန်တော်လည်း သူ့ကိုသဘောကျလို့ရယ်နေမိတယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...