ပွဲခင်းထဲက ထောင်နဲ့ချီတဲ့ပရိတ်သတ်တွေကို ဖြတ်ကျော်ပြီး ကောင်မလေးနှစ်ယောက် မျက်နှာမှာလည်း ပျော်ရွှင်မှုအပြည့်နဲ့ တစ်ယောက်လက်ကို တစ်ယောက်တွဲကာ နေရာတစ်ခုဆီကို အပြေးသွားနေကြတယ်။ ခန်းမရှေ့မှာ ကားတစ်စီးက သူတို့၂ယောက်ကို လိုရာခရီးဆီပို့ဆောင်ပေးဖို့ရာ အသင့်စောင့်နေတယ်။
ကားပေါ်ကိုရောက်သွားတဲ့အခါ အရပ်ရှည်ရှည်နဲ့ကောင်မလေးက သူလွယ်ထားတဲ့လွယ်အိတ်ထဲကနေ Polaroid Camerလေးကို ထုတ်လာပြီး ၂ယောက်အတူတူတွဲပြီး ဆုတံဆိပ်နဲ့အတူ ဓါတ်ပုံရိုက်လိုက်ပြီး ပါးဖောင်းဖောင်းချစ်စရာကောင်မလေးက ဓါတ်ပုံလေးကိုယူပြီး သူ့မှာ အသင့်ပါလာတဲ့ Albumထဲကို နေရာတကျကပ်လိုက်တာကိုကြည့်ပြီး "အခုမှပဲ ပြီးပြည့်စုံသွားတော့တယ်"လို့ အရပ်ရှည်ရှည်ကောင်မလေးက တီးတိုးလေးပြောလိုက်တယ်။ လေထုက ခဏတာတိတ်ဆိတ်သွားပေမယ့် ရင်ခုန်သံတွေက နွေးထွေးနေပြီး တွဲထားတဲ့လက်တွေကိုလည်း မဖြုတ်မိကြ။ ၅မိနစ်လောက်ကြာတဲ့အခါ ကားလေးက သူတို့ရဲ့ လိုရာခရီးကိုရောက်သွားပြီး ရပ်တန့်သွားတယ်။
"Niniကိုယ်တို့ဆင်းကြမလား"လို့ Lisaကမေးလိုက်တဲ့အခါ Jennieက ချစ်စဖွယ်ခေါင်းညိမ့်ပြလာတယ်။ သူတို့ ၂ယောက်ရဲ့ ဦးတည်ရာသည် Eiffle Towerထက်ဆီ။
အမြဲခရီးသွားဧည့်သည်တွေနဲ့စည်ကားနေတတ်တဲ့ Eiffle Towerကထူးခြားစွာပဲတိတ်ဆိတ်နေပြန်တယ်။ ဝန်ထမ်းတချို့ထွက်လာပြီး သူတို့၂ယောက်ကို "သာယာလှပတဲ့ အမှတ်တရညချမ်းလေးကို ပိုင်ဆိုင်နိုင်ပါစေ"လို့ ခရီးဦးပြုလာတယ်။
Jenကတော့ သူချစ်ရတဲ့ လူသားလေးရဲ့ လက်ကိုဆွဲကိုင်လျက် သူဦးဆောင်ရာနောက်ကို ပျော်ရွှင်စွာလိုက်ပါလျက်............
Eiffel Towerပေါ်ကနေ Parisမြို့ရဲ့ ရှုခင်းကိုကြည့်နေရင်း Lisaက Jenရဲ့ ခါးလေးက အနောက်ဘက်ကနေ အနွေးထွေးဆုံးထွေးပွေ့လိုက်ပြီး Jenကလည်း Lisaကို ပြန်မှီလိုက်ပြီး သူ့ရင်ခွင်ထဲမှာ ငြိမ်နေပြန်တယ်။
"Nini ကိုယ်ပွဲပေါင်း၃၀၀အနိုင်ရထားတဲ့ ကိုယ့်ရဲ့အောင်မြင်မှုနဲ့အတူ Niniရဲ့တရားဝင်ချစ်သူဖြစ်ခွင့်ကို တောင်းခံချင်တယ် Niniကိုယ့်ကို လက်ခံပေးမလား....?"
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...