Chapter-23

586 63 7
                                    

Lisa's POV

မနက်မိုးလင်းကတည်းက Niniဆီကို စာပို့ချင်ပေမယ့်လည်း Team Memberတွေအားလုံး လေယာဉ်ကွင်းမှာ အစစအရာရာအဆင်ပြေအောင် စီစဉ်ရင်း အလုပ်ရှုပ်နေတော့ Niniဆီကို စာမပို့ဖြစ်။ ခရီးစဉ်တစ်ခုလုံး ကိုယ်က ကိုယ့်Team Memberတွေအနား ရှိနေမှာ မဟုတ်တော့ အစစအရာရာ အစီအစဉ်တကျဖြစ်နေဖို့ရာ အချိန်တိုအတွင်း စီစဉ်နေရတော့ တခြားကိုအချိန်မပေးနိုင်။ အချစ်ရဆုံး Niniလေး စိတ်မကောက်ဖို့ရာပဲ ဆုတောင်းရင်း လေယာဉ်ပေါ်ကို တက််နှင့်ပြီး တခြားစီစဉ်စရာတွေစီစဉ်ရင် ချစ်ရသူလေးအလာကို စောင့်နေမိတယ်။

ကျွန်တော်လေယာဉ်ပေါ်ရောက်ပြီး ၁၅မိနစ်လောက်နေတော့ ကျွန်တော်အမြင်ချင်ဆုံး လူသားလေး လေယာဉ်ပေါ်ကို တက်လာပါပြီ။ မျက်နှာလေးကို ကြည့်ရတာ တစ်ခုခုကို အကြီးအကျယ်အလိုမကျဖြစ်နေတဲ့ပုံစံနဲ့ စူပုတ်ပုတ်ကလေးနဲ့ တစ်လှမ်းချင်းစီလျှောက်လာလေရဲ့။ စူပုတ်ပုတ်မျက်နှာလေးနဲ့လည်း တစ်မျိုးချစ်ဖို့ကောင်းနေပြန်ပြီး ဖက်နမ်းပြစ်ချင်စိတ်တွေက တဖွားဖွား....

ကျွန်တော့်ဘေးကထိုင်ခုံမှာဝင်ထိုင်ပြီးတဲ့အထိ ကျွန်တော်သူ့ဘေးမှာရှိနေတယ်ဆိုတာကို သတိမထားမိသေးဘဲ စူပုတ်ပုတ်လေးနဲ့ ဖုန်းကို ကြည့်နေပြန်ပြီး ပါးစပ်ကနေလည်း "Lalisa အစုတ်ပလုတ် Jenကသာသူ့ကို စိတ်ပူနေရတာ သူကတော့ အဖက်မလုပ် စာလေးတစ်စောင်တောင် မပို့ဘူး။ အဲ့လေယာဉ်မယ်နဲ့ပဲ သာယာနေလိုက်။ Lalisaစုတ်"လို့ နှုတ်ခမ်းတဆူဆူနဲ့ ပြောနဲ့တဲ့ပုံလေးက ကျွန်တော့်အတွက်တော့ တကယ့်ကို အသစ်အဆန်းလေး ရင်ထဲကနေလည်း ဒီလူသားလေးမှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ အကျင့်လေးတွေလည်း ရှိနေပါလားဆိုပြီး ချစ်မဝဖြစ်ရပြန်တယ်။

"Niniက ကိုယ့်ကို စိတ်ပူနေတာလား"လို့ နားနားလေး ကပ်ပြီးမေးလိုက်တော့ အံ့သြသွားဟန်နဲ့ မျက်လုံးလေးပြူးလို့ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာပြန်တယ်။ တစ်ယောက်မျက်ဝန်းကို တစ်ယောက်စိုက်ကြည့်နေမိတာ အတော်ကြာ ကျွန်တော့်အကြည့်တွေ သူ့နှုတ်ခမ်းပါးလေးဆီကို ရောက်သွားတော့ ရင်ထဲမှာ ငလျင်အပြင်းစားကြီး လှုပ်ခတ်နေသည့်အလား.....

Love Of My LifeWhere stories live. Discover now