Lisa's POV
သူ့ရဲ့ ရေချိုးပြီးခါစ အလှတရားကိုမြင်ပြီး ရင်ခုန်တာ မတည်ငြိမ်နိုင်သေးခင် ရင်ခွင်အရမ်းနီးကပ်နေပြီး ရင်ဘတ်မှာ လာရိုက်ခတ်တဲ့ အသံရှူသံနွေးနွေးလေးကြောင့် ရင်ခုန်သံက မူမမှန်ချင်တော့။သူ့ရဲ့ဆံနွယ်နုနုလေးတွေကို အမြတ်တနိုးနဲ့ ခြောက်သွေ့အောင် မှုတ်ပေးနေစဉ် ကျွန်တော့်ကိုကြည့်နေတဲ့ မျက်၀န်းမှာ စိတ်ခံစားမှုတစ်ခု စီးဆင်းနေတယ်။ ဘာလဲဆိုတာတော့ ဘာသာမပြန်တတ် သို့သော် မသိစိတ်က သူလည်းကျွန်တော့်အပေါ်မှာ ခံစားချက်တွေယိမ်းယိုင်နေပြီဆိုတာကို အလိုလို သိနေမိတယ်။
ကျွန်တော်ချစ်ရတဲ့သူ ဒီမှာရှိတယ်လို့ပြောတဲ့အခါ သူ့ရဲ့မျက်ဝန်းကနေတဆင့် မြင်လိုက်ရတဲ့ခံစားချက်ကို အဓိပ္ပါယ်ရှာကြည့်တော့ ကျွန်တော့်ကို ဆုံးရှုံးမှာကြောက်တဲစိတ်ကြောင့် သဝန်တိုခြင်းဆိုတဲ့ အဖြေထွက်လာတယ်။ သူ့မျက်ဝန်းတွေကနေ သူ့ရဲ့နှုတ်ခမ်းပါးလေးတွေဆီ အကြည့်ရောက်သွားတဲ့အခါ ကျွန်တော်ရင်ခုန်နှုန်းတွေ မြန်ဆန်လာပြီး သူ့နှုတ်ခမ်းလေးတွေကို အပိုင်သိမ်းချင်လာမိတယ်။ ကျွန်တော်တခါလောက်တော့ Niniကိုချစ်တဲ့စိတ်ကြောင့် အရဲ့စွန့်ပါရစေ.........သူ့နှုတ်ခမ်းလေးတွေရဲ့ အနွေးဓါတ်လေးကို ခံစားရလုနီးနီး..............
"Lisa ဘာလုပ်နေတာလဲဟ မြန်မြန်လာစမ်းပါ။ ကလေးတွေက နင့်ကို တခါလောက်ကပြစမ်းပါနဲ့ ပွဲတောင်းနေကြတယ်"ဆိုတဲ့ Roseရဲ့ အသံက ကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့အချက်ပေးသံအလား..........
Roseရာ အလှည့်ကျမနွဲ့စတမ်းပေါ့ နင်သေမယ်လို့ ကျိန်ဆဲနေမိတယ်။ သူ့လို အဖျက်သမားကို KKထဲဝင်ဖို့ခေါ်ခဲ့မိတဲ့ ကျွန်တော့်အမှားပါပဲ။ကျွန်တော့်ရဲ့ Niniကတော့ ရှက်သွားလို့ထင်ပါတယ် ကျွန်တော့်ကို ကျောပေးလျက်.....
"Nini ကိုယ်အပြင်အရင်ထွက်လိုက်မယ်နော်။ Niniအေးဆေးမှထွက်ခဲ့"လို့ပြောရင်း ကျွန်တော့်ရဲ့ နီရဲနေတဲ့မျက်နှာသူမမြင်အောင် ကွယ်ရင်း အမြန်ထွက်ခဲ့ရတယ်။ ကြာရင်တော့မလွယ် လူကနှလုံးရောဂါရတော့မယ်။
အပြင်ရောက်တော့ Jacksonကအားလုံးစားဖို့အတွက် ညနေစာပြင်ပြီးနေတော့ အားလုံးနေ့လည်စာအတူတူ စားဖြစ်ကြတယ်။ ချစ်တဲ့သူနဲ့အတူ ရှိတဲ့အခါ အရာရာတိုင်းက ပိုလှပနေသလို စားရတဲ့အရာတိုင်းက ပိုပြီးအရသာရှိနေတတ်တယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...