Darlingက Dateမယ်ဆိုပြီး ခေါ်လာတဲ့နေရာက ကစားကွင်းတဲ့ "ဘာဖြစ်လို့ ကစားကွင်းကို ခေါ်လာတာDarlingရဲ့ ဒီနေ့ကပိတ်ရက်ပါ ပုံမှန်ဆိုလူအရမ်းများတာကို ဘာလို့ ကစားကွင်းမှာ လူမရှိရတာလဲ"လို့မေးတော့ "ကိုယ်က Babyရည်းစားမထားဖူးတော့ ဘယ်နေရာကို သွားရမှန်းမသိဘူးလေ။ ကိုယ်တို့ချစ်သူမဖြစ်ခင်က Babyက ချစ်ရတဲ့သူနဲ့ ကစားကွင်းမှာ ကလေးလိုမျိုးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါး ကစားချင်တယ်ပြောဖူးတာကြောင့်ပါ"လို့ ချစ်စဖွယ်ဆိုလာပြန်တဲ့လူသားလေး ကုပ်ပိုးလေးကိုပွတ်နေတာကိုကြည့်ခြင်းအားဖြင့် Jenရဲ့နှလုံးသားလေး ရှက်ပြီးစိတ်လှုပ်ရှားနေပြီိ "လူမရှိတာကလည်း Babyက တခြားလူတွေကိုယ်တို့နှစ်ယောက်ကိုမြင်သွားမှာ ကြောက်တဲ့စိတ်နဲ့ လွတ်လွတ်လပ်လပ်မရှိမှာစိုးလို့ ကိုယ်......." သူ့စကားမဆုံးခင်မှာပဲ အသဲယားလွန်းလို့ Jenသူ့နှုတ်ခမ်းလေးကို အသာအယာလေး နမ်းလိုက်တယ်။ Jenဘက်က စနမ်းတာမို့ထင်ပါတယ် ခဏတာအံ့သြသွားပြီး အနမ်းတွေကို ပြန်တုန့်ပြန်လာတယ်။ Jenဘက်က ပြောလိုက်တဲ့အရာတိုင်း သေးသေးမွှားမွှားလေးကအစ တန်ဖိုးထားပြီး ချစ်ပေးတတ်တဲ့ Darlingရဲ့ အပြုအမူတွေက ထောင်ချောက်တစ်ခုဆိုရင်တောင် Jenစိတ်လိုလက်ရ ပြစ်ဝင်ချင်တဲ့ ထောင်ချောက်ဖြစ်ပြီး တစ်သက်လုံး မရုန်းထွက်ချင်တော့ဘူး............သူ့မျက်ဝန်းဝိုင်းဝိုင်းလေးကို စိုက်ကြည့်ရင် "အရမ်းချစ်တယ် Darling"လို့ စိတ်လိုလက်ရပြောမိတယ် မျက်ဝန်းတွေကနေတစ်ဆင့် Babyရဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားမိပါစေချစ်ရသူလေး............
ကစားကွင်းကိုရောက်ပြီး တစ်နာရီလောက်ကြာတော့ Jenရဲ့ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ Mino Oppa......
"Jenဘယ်ရောက်နေတာလဲ Oppaတို့ Lisa မွေးနေ့အတွက် KK Dormမှာရောက်နေတယ် တခြား SM Team Memberတွေကောပဲ Jenကိုမတွေ့လို့လှမ်းခေါ်လိုက်တာ လာခဲ့မလား? Oppaလာကြိုပေးရမလား?"ဆိုတဲ့ MIno Oppaရဲ့စကားကိုကြားမှ ဖုန်းထဲက ရက်စွဲကိုကြည့်လိုက်မိတော့ 27 March Darlingမွေးနေ့ အလုပ်တွေရှုပ်ပြိး Darlingမွေးနေ့ကိုတောင် မေ့နေတဲ့ကိုယ့်ကိုယ်ကို စိတ်ရှိလက်ရှိရိုက်ပြစ်ချင်တော့တယ်။
Mino Oppaကို Jenလာခဲ့မယ်လို့ပြောပြီး ဖုန်းမြန်မြန်ချလိုက်ပြီး Jenချစ်ရတဲ့သူဆီကို ဦးတည်လိုက်တယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...