Chapter-7

771 80 8
                                    

Lisa's POV

ဒီနေ့ ကျွန်တော် မျက်လုံးက ပတ်တီးတွေကို ဖြည်ရတော့မယ်။ ဆေးရုံပေါ်ရောက်နေ‌တာ ဘာလိုလိုနဲ့ ၁လကျော်သွားပြီ။ သူ့ကို အချိန်တိုင်း သတိရပြီး သူ့ကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးဆိုတဲ့ အိပ်မက်ဆိုးတွေ ခဏခဏမက်နေတာကလွဲလို့ ဘာမှမထူးခြားခဲ့။ ကျွန်တော့်ကို ညညအိပ်မပျော်လို့ ပုံပြင်လာပြဖို့ ဂျီလာလာကျတဲ့ Ellaလေးရယ်။ ကျန်တာကတော့ သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ ကျွန်တော့်ရဲ့ရင်ခုန်သံနဲ့ သူ့ကိုချစ်တဲ့စိတ်လေးတစ်ခု။

မျက်လုံးပတ်တီးဖြေပြီးတော့ ကျွန်တော့ မျက်လုံး‌အခြေအနေက မတည်ငြိမ်သေးပေ။ နောက်ထပ် မျက်စိခွဲစိတ်မှု ပြုလုပ်ဖို့ရာ ဆရာ၀န်တွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရဦးမယ်။

ကျွန်တော် သူ့ကိုတွေ့ချင်တဲ့စိတ်ကြောင့် သူနေတဲ့ အိမ်ခန်းရှိရာလမ်းထဲကိုသွားပြီး သူမမြင်နိုင်တဲ့ထောင့်တစ်နေရာမှာ သူ့ကိုအဝေးကနေငေးကြည့်နေမိတယ်။

ကျွန်တော်မျှော်နေတဲ့ နတ်သမီးလေး ယုံကြည်မှုအပြည့်နဲ့ လမ်းလေးထဲကို လှမ်း၀င်လာတာကို ကျွန်တော်လှမ်းမြင်ရတယ်။ အရင်ကအတိုင်း ချစ်ဖို့ကောင်းပြီး ကျွန်တေယ့်ရင်ခုန်သံတွေ မမှန်အောင် သူပြုစားနေဆဲပဲ။ သူ့ကိုငေးကြည့်နေရင်း သူတော့ ကျွန်တော့်လို အရေးမကြီးတဲ့သူတစ်ယောက်ကို မေ့သွားပြီး နေ့စဉ်ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေလောက်ပြီ။

တရွေ့ရွေ့နီးကပ်လာတဲ့သူ ကျွန်တော့်ကို ကျော်သွားတော့ ကျွန်တော်သူ့နောက်ကို တိတ်တဆိတ်လိုက်နေမိတယ်။ သူ့အိမ်ထဲကို ၀င်ခါနီး မီးတိုင်နားလေးမှာ သူခလုတ်တိုက်ပြီး လဲမလိုဖြစ်သွားတော့ ကျွန်တော်သူ့နားကို ပြေးသွားချင်ပေမယ့် သူ့ကို ကျွန်တေယ်မျက်နှာပြဖို့ သတ္တိမရှိသေးဘူး။

သူအိမ်ထဲကိုရောက်သွားမှ ကျွန်တော်မီးတိုင်နားကို သွားကြည့်လိုက်တော့ မီးတိုင်က မီးလုံးက ကျွမ်းလုနီးနီးဖြစ်နေတယ်။ မီးတိုင်အနားက နံရံအလွတ်လေးတစ်ခုကိုလည်း ကျွန်တော်တွေ့ရတယ်။

ကျွန်ချက်ချင်း လှည့်ပြန်လာပြီး  မီးလုံးနဲ့ ကျွန်တော်ပုံဆွဲဖို့ ကိရိယာ၊ ကင်မရာလေးကို ယူပြီး မီးတိုင်နားလေးကို ပြန်ရောက်လာခဲ့တယ်။

Love Of My LifeWhere stories live. Discover now