Chapter-13

715 64 0
                                    

Lisa's POV

ပြန်သွားတာ နာရီပိုင်းရှိသေးတဲ့သူကို နှစ်ပေါင်းများစွာ မတွေ့ရတဲ့အတိုင်း လွမ်းနေမိတယ်လို့ပြောရင် တခြားသူတွေအတွက် လွန်တယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် လွန်ခဲ့နာရီပိုင်းကမှ တွေ့ရတဲ့သူ့ကိုလွမ်းနေမိတာကို ကျွန်တော့်အတွက်တော့ လိုနေသေးတယ်လို့ ထင်မိတယ်။ သူ့ရဲ့အသံကို ကြားချင်ပေမယ့် ဖုန်းဆက်ဖို့ မဝင့်မရဲဖြစ်နေလို့ ဧည့်ခန်းကခုံမှာ ထိုင်နေရင်း ဖုန်းကို ကိုင်လိုက်ချလိုက် လုပ်နေမိတာ ဘယ်လောက်ကြာသွားလဲမသိ Roseရဲ့ "Lisa အဲ့မှာ ငူငူငိုင်ငိုင်ကြီးနဲ့ ရည်းစားပူမိနေတာကျနေတာပဲ ဘာတွေဖြစ်နေတာလဲ"ဆိုတဲ့ အော်သံကြားမှ သတိဝင်လာမိတယ်။

"ဘာလဲ အခုမှ ပြန်သွားတာ နာရီပိုင်းပဲရှိသေးတဲ့သူကို မတွေ့ရတော့မှာစိုးလို့ လွမ်းနေတာမလား"လို့ ထပ်ပြောလာတော့ ကျွန်တော် ဘာမှမတုန့်ပြန်ဖြစ်ပဲ ဖုန်းကိုသာစိုက်ကြည့်နေမိတယ်။

"ခက်တာပဲ Lisaရာ လွမ်းတယ်ဆို ဖုန်းဆက်။ တွေ့ချင်တယ်ဆို ပြေးတွေ့။ ချစ်တယ်ဆိုလည်း သိအောင်ပြော ဘာတွေ တွေ​ေဝေနေတာလဲ နောက်မှ တခြားသူနောက်ပါသွားမှာ လာအသည်းကွဲမပြနဲ့ မသနားဘူးနော်"လို့ သူပြောလာတော့မှ ကျွန်တော် စိုးရိမ်မှုဒီဂရီတွေ ပြန်မြင့်တက်လာရတယ်။

Rose- "ဒီကနေ သူတို့အိမ်ကိုသွားဖို့ ကြာချိန်ကို ငါသေချာကြည့်ပေးထားပြီးသား Busကားစီးပြီးသွားမယ် လမ်းမပိတ်ဘူးဆိုရင်တော့ ၂နာရီနီးပါးပေါ့။ Taxi(သို့) ကိုယ့်ဘာသာ ကားမောင်းသွားမယ်ဆိုရင်တော့ ၁နာရီကျော်ကျော်ပေါ့။  ငါဒီလောက်ပဲ ပြောပြနိုင်မယ်။ ရောက်အောင်သွားခြင်း မသွားခြင်းက နင့်တာဝန်ပဲ။ ကွကို စီစဉ်" 

သူ့စကားကြားမှ ကျွန်တော်နဲ့ Niniနေတဲ့ နေရာအရမ်းအလှမ်းဝေးနေတာကို သတိထားမိတယ်။ မဖြစ်သေးဘူး Niniကို တွေ့ချင်တဲ့အချိန် ထသွားနိုင်ဖို့ ကားတစ်စီးတော့စီစဉ်ရမယ်။ နိုင်ငံခြားကနေ ပြန်လာချင်းတုန်းကတော့ Studioမှာပဲ အနေများမယ်ဆိုတဲ့ အတွေးနဲ့ ကားမဝယ်ဖြစ်သေးတာ ခုတော့ ဝယ်မှရမယ်။ မနက်ဖြန်ပဲ ကားသွားဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

Love Of My LifeWhere stories live. Discover now