Chapter-33(Final Part)

1K 64 6
                                    

"ရိုစရာ ရည်းစားမရှိတိုင်း သူများရိုတာကို အသည်းအသန်ငေးနေတာ တော်သင့်ပြီ။ ငါ့အသဲလေးရှက်နေပြီ"လို့ အမြင်ကပ်အောင် မဏ္ဌပ်တိုင်တက်ပြနေတဲ့ Lisaကို အဖွဲ့သားအားလုံးက "အဟုတ်မှတ်လို့နားထောင်နေတာ လိပ်စကားတွေလာပြောနေတာ"ဆိုပြီး ဝိုင်းအော်ကြလေရဲ့......Lisaကတော့ အမြင်ကပ်ဖို့ကောင်းလောက်အောင်ကို အော်ရယ်နေပြန်တယ်။

"K&K Teamက အခုဆို World Championဖြစ်နေပြီဆိုတော့ Team Leaderအနေနဲ့ ဘယ်လိုခံစားရလဲဆိုတာ ပြောပေးပါဦး Lisa"

"ဟုတ်ကဲ့ကျေနပ်ပါတယ်"...........သူ့ရဲ့ တုန်းတိတိအဖြေကြောင့် သတင်းထောက်ကောင်မလေးခမျာ ဘာလုပ်ရမှန်းမသိ အဖွဲ့သားအကုန်လုံးကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရေခဲတုန်းဇာတ်လမ်းစပြီဆိုတဲ့အထာနဲ့ မျက်စပြစ်နေကြပြီ

"ပရိတ်သတ်တွေကိုပြောချင်တဲ့စကားများရှိမလား Lisa"

"အားလုံးကို ကျေးဇူးတင်ပါတယ်".........သတင်းထောက်လေးခမျာ ငိုချင်စိတ်တွေပေါက်ပြီး တိုင်နဲ့ခေါင်းပြေးဆောင့်ချင်တဲ့အထိ စိတ်လေနေပြီဆိုတာကို သတိထားမိတဲ့ Roséကပဲ ကြားဝင်ပြီး "ကျွန်တော်တို့ Team Leaderက သူ့မဟေသီနဲ့ စကားပြောတဲ့အချိန်ကလွှဲပြီး တခြားအချိန်ဆို သူ့လျှာကို ကြောင်ချီသွားတော့ စကားမပြောတတ်ဘူးရယ်။ ဒီတိုင်းဆက်သွားရင် ခင်းဗျားတို့ရေးစရာ ဘာသတင်းမှရမှာ မဟုတ်ဘူး။ သူ့အစားကျွန်တော်ပဲ ဖြေပေးပါ့မယ်"လို့ဝင်ပြောလိုက်တော့ သတင်းထောက်ကောင်မလေးက အားကိုးတကြီးနဲ့ Roséကို လှမ်းကြည့်ရှာတယ်။

Roséတစ်ယောက် မေးခွန်းတွေကကို ရယ်ရယ်မောမောနဲ့ဖြေနေတာကို ဗီဒီယိုရိုက်ထားပြီး Jisooဆီကို သွေးထိုးတဲ့လူတစ်စုက သတ်သတ်ရှိနေတာကို Roséလေးခမျာမသလိုက်ရှာ အိမ်ရောက်ရင်တော့ ရှင်ပေဦး Roséရေ............

-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x

သူWorld Championဖြစ်သွားတာကို ဂုဏ်ပြုဖို့အတွက် ဇာတ်လမ်းအပြီးသတ်ပြီးတာနဲ့ ရိုက်ကွင်းကနေသူရှိရာကို အပြေးလိုက်လာပြီး Supriseလုပ်ဖို့ရာ Hotelကိုရောက်နေပေမယ့် သူ့ကို Supriseမလုပ်ရသေးခင် သတင်းထောက်မလေးနဲ့ သာယာနေတဲ့ သူ့ဗီဒီယိုကိုတွေ့ရတော့ လူက အမောဆို့ရပြန်တယ်။ ရှင်Hotelပြန်လာမှ တွေ့ကြတာပေါ့ ရှဉ့်စုတ်ရေ Jisooအကြောင်းကောင်းကောင်းသိစေရမယ်။

Love Of My LifeWhere stories live. Discover now