Parisကပြန်လာပြီးကတည်းက အရာရာဟာနေသားတစ်ကျ Darlingကလည်း Asia Dance Competitionအတွက် ပြင်ဆင်နေပြီး အလုပ်တွေနဲ့မအားသလို့ Jenလည်း Teamအတွက် ပြိုင်ပွဲအတွက် ပြင်ဆင်ပေးရတာနဲ့မအား။ ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ Darlingက Jenကိုဂရုစိုက်ပြီး ချစ်ပေးဖို့ရာ မလစ်ဟင်းခဲ့။ မနက်တိုင်းကို "Good Morning My Love"ဆိုတဲ့ Darlingရဲ့ စာလေးက Jenအတွက်တော့ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းဖို့ရာအတွက် အားဆေးတစ်ခွက်။ အလုပ်ဘယ်လောက်ရှုပ်ရှုပ် တစ်ယောက်ကို တစ်ယောက်အချိန်ပေးဖို့ မမေ့ခဲ့ လူချင်းမတွေ့ဖြစ်ရင်တောင် နေ့တိုင်း video callပြောဖြစ်ပြီး တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်တွေ့ဖြစ်ကြတယ်။ အတူရှိတဲ့အချိန်နည်းပေမယ့် အချိန်တိုင်း သူအနားမှာရှိနေသလို့မျိုး သေချာဂရုစိုက်ပြီး ချစ်ပေးတတ်တဲ့ Darlingကြောင့် အမြဲလုံခြုံနွေးထွေးနေရတယ်။ဒီနေ့ နားရက် Babyနဲ့ Dateဖို့ရာ ချိန်းထားတာက ၉နာရီဆိုပေမယ့် မနက်၆နာရီလောက်ကတည်းက ဘေဘီအိမ်နားကို ရောက်နေပြီဆို Lisaကို လွန်တယ်ပြောကြမလား။ ကျွန်တော်ဆိုတာကလည်း တခြားနေရာတွေမှာသာ ဉာဏ်ကောင်းပေမယ့် Babyနဲ့ပတ်သတ်လာရင် ဉာဏ်နည်းနည်းသွားတတ်တယ်။ Babyကို တွေ့ချင်စောနဲ့ထွက်လာလိုက်တာ အိမ်နားရောက်မှ Babyအိပ်လို့ကောင်းနေဦးမယ်ဆိုတာ သတိရတဲ့အဖြစ်။ ကျွန်တော်အစောကြီးရောက်နေတာကို Babyသိသွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့Babyရဲ့ ကွန်ဒိုအခန်းကိုမြင်ရပြီး ကျွန်တော့်ကားကို လွယ်လွယ်မတွေ့နိုင်တဲ့နေရာလေးမှာ ကားကိုရပ်ထားလိုက်တယ်။ ဘေဘီရဲ့ အခန်းလေးကို လှမ်းမြင်နေရတာနဲ့တင် လူကစိတ်ချပြီး နွေးထွေးပျော်ရွှင်နေတာမျိုး။ တကယ်ပါ Jennie Kimဆိုတဲ့ လူသားလေးက ကျွန်တော့်အတွက်အရာရာပဲ လူကိုယ်တိုင်တင်မဟုတ်ဘဲ သူ့အငွေ့အသက်လေးရှိတဲ့ နေရာတိုင်းကပါ ကျွန်တော့်ကို ပျော်ရွှင်ပြည့်စုံစေတယ်ဆိုတဲ့ အတွေးနဲ့လူက အလိုလိုပြုံးနေမိတယ်။ ၇နာရီလောက်မှ Babyအခန်းက ပြတင်းပေါက်လေးပွင့်လာတော့ ပုံမှန်ဆို အအိပ်မက်တဲ့Babyက အစောကြီးနိုးနေတာက ကျွန်တော်နဲ့ တွေ့ဖို့ရာအတွက် ရင်ခုန်နေလို့လားဆိုတဲ့အတွေးက ရင်ဘတ်ထဲမှာ နွေးကနဲ့.......၈နာရီထိုးခါနီးမှာ "Good Morning My Love ကိုယ်ထွက်လာနေပြီနော် Baby"လို့ စာပို့လိုက်ပြီး Babyကြိုက်တဲ့ဆိုင်ကနေ မနက်စာဖက်ထုပ်ပြုတ်ပူပူလေး သွားဝယ်ဖို့ပြင်ရပြန်တယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...