မိုးလင်းကတည်းကတရစပ်ဝင်လာတဲ့ messageတွေကြောင့် Jen နဲ့ Darlingနှစ်ယောက်လုံး အနားမရ Agencyဘက်ကလည်း သတင်းကိုရသလောက်လိုက်ပိတ်ပေမယ့် အလျဉ်မမီတော့ သတင်းက ထိန်းလို့မရအောင်ကို ပျံ့နေပြီ။ haterတွေရဲ့တိုက်ခိုက်မှုကလည်း အချိန်နဲ့အမျှ ပိုပိုပြင်းထန်လာတယ်။ Jenအတွက် ဒီလိုအနေအထားမျိုးကို ကြုံဖူးပြီးသားဆိုပေမယ့် Jenမြတ်နိုးရတဲ့ Darlingက ဒီလိုအခြေအနေကို မကြုံဖူးသေးတော့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်။ ဒီထက်ပိုဆိုးလာတဲ့အနေအထားမျိုးဖြစ်လာပြီး Darlingကို ထိခိုက်လာမယ်ဆိုရင် Jenတစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်မှဖြစ်လိမ့်မယ်။
Jenကိုယ်တိုင်က SMရဲ့ Main Dancer Groupကို စီမံခန့်ခွဲနေတဲ့ Managerဖြစ်တော့ ကုမ္ပဏီအတွက်တင်မဟုတ်ဘဲ Teamအတွက်လည်း ရိုက်ခတ်မှုက ကြီးမားလွန်းတယ်။
SM Group အရေးပေါ်BOD အစည်းအဝေးတွင်.......
"Manager Kimအခု ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ကို ဖြေရှင်းချက်တစ်ခုခု ပေးဖို့လိုမယ်ထင်တယ်"
"ဟုတ်ပါတယ် K&K Team Leader Lalisa Manobanနဲ့ ကျွန်မက တွဲနေကြတဲ့ ချစ်သူတွေပါ" Jenရဲ့ မထင်မှတ်ထားတဲ့ ဝန်ခံမှုကြောင့် အစည်းအဝေးတစ်ခုလုံး ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြတယ်။
"Miss Kimအနေနဲ့ ဒီကိစ္စကို ဘယ်လို တာဝန်ယူဖြေရှင်းဖို့ စဉ်းစားထားလဲ။ ဒီကိစ္စက ရိုက်ခတ်မှုမသေးဘူးဆိုတာ Miss Kimလည်း နားလည်မယ်လို့ ကျွန်တော်တို့ထင်တယ်။"
"ကျွန်မနဲ့ Lisaက ကိုယ်ရေးကိုယ်တာကြောင့် ရိုက်ခတ်မှုကြီးမားတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ BODရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့အသင့်ပါပဲ"
"Lisaနဲ့ ပတ်သတ်မှုကို အဆုံးသတ်ပြီး လက်ရှိတာဝန်ကိုပဲ အကောင်းဆုံး ဆက်ပြီးထမ်းဆောင်မယ်ဆိုရင်တော့ ကိုယ်တို့တွေ Lisaနဲ့သတင်းက အထင်လွှဲမှုတစ်ခုပါလို့ ဖြေရှင်းချက်ထုတ်ပေးလို့ရမယ် မဟုတ်ရင်တော့ Jennieအနေနဲ့ နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်ယူဖို့လိုလိမ့်မယ်"
Kaiရဲ့စကားကို နားထောင်ခြင်းအားဖြင့် ဒီလိုအနေအထားရောက်အောင် နောက်ကွယ်ကနေ ဘယ်သူက ကြိုးကိုင်နေသလဲဆိုတာ ပြေးကြည့်စရာမလိုအောင်ကို အဖြေကရှင်းနေပြီ Jenဘယ်လိုလုပ်သင့်သလဲ........
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...