Chapter-19

746 71 3
                                    

ဆိုးလ်မြို့ရဲ့ မတူညီတဲ့လမ်းမကြီးပေါ်မှာ လျှောက်လှမ်းနေတဲ့ လူ၂ယောက် သွားနေတဲ့ဦးတည်ချက် မတူပေမယ့် သူတို့ရင်ထဲမှာ ခံစားနေရတဲ့ ကြေကွဲဝမ်းနည်းမှုတွေက ထပ်တူကျနေကြလိမ့်မယ်ထင်တယ်။

ဘဝတစ်ခုလုံးနဲ့နှိုင်းယှဉ်ရင် ချစ်ခြင်းကအရာရာမဟုတ်ပေမယ့် ဘဝနဲ့ရင်းပြီးချစ်ရတဲ့ ချစ်ခြင်းကို လက်လွှတ်လိုက်ရတဲ့အခါ ဘဝမှာရှိတဲ့အရာရာဟာ အဓိပ္ပါယ်မရှိတော့ပြန်........

ချစ်နေတာကို ဖော်ပြခွင့်မရလိုက်ဘဲ ဝေးကွာသွားရတဲ့ ချစ်သူ၂ဦးကို သနာလို့ထင်ပါတယ် မိုးနတ်မင်းကတောင် မျက်ရည်ကျလျက်...........

သူတို့၂ယောက်ရဲ့ ဇာတ်လမ်းဟာ မိုးရေထဲမှာ အစပြုခဲ့သလို ပုံမပေါ်သေးတဲ့ ချစ်ခြင်းပြဇာတ်လေးတစ်ပုဒ်ဟာလည်း မိုးရေနဲ့အတူ အဆုံးသတ်ခဲ့ရပြန်တယ်။

မိုးရေနဲ့အတူ လမ်းမတစ်နေရာစီမှာ မျက်ရည်ကိုယ်စီနဲ့ လူ၂ယောက် စတင်တွေ့ဆုံခြင်းက အနှေးပြကွက်တစ်ခုကို ကြည့်နေရသလို အတွေးပုံရိပ်မှာ ထင်ဟပ်လျက်.............ရင်ဘတ်ထဲက ရင်ထဲကနေ နာကျင်မှုတွေကို မျက်ရည်အဖြစ် အသွင်ပြောင်းလျက် မိုးရေနဲ့အတူ စီးဆင်းခွင့်ပြုရင်း............... ခဏတာလောက် ငိုကြွေးခွင့်ပြုပါ.................

Lisa's POV

ကျွန်တော် Niniနဲ့ မတွေ့ဖြစ်တာ ဒီနေ့နဲ့ဆို ၁၀ရက်မြောက်တဲ့နေ့ သူ့ကို ခဏတာလောက် မေ့လို့ရလိုရငြား အကတွေကိုပြ ဆက်တိုက်ကျင့်ဖြစ်နေခဲ့တယ်........

ကျွန်တော်အကခန်းမထဲမှာ စက်ရုပ်တစ်ရုပ်လို အချိန်ပြည့် ကကွက်ကြားထဲမှာသာ ကိုယ့်ကိုယ်ကို နစ်မြှုပ်ထားလိုက်တယ်။ ဘယ်လောက်ပဲ မေ့ပျောက်အောင်ကြိုးစား ကြိုးစား လွမ်းတဲ့စိတ်က ပိုပိုရင့်လာပြီး နှလုံးသားကသူ့ရဲ့ သခင်ကိုသာ တဆာဆာ ငိုကြွေးတောင့်တလျက်.............

၁၀စုနှစ်တစ်ခုတာ ကျွန်တော့်နှလုံးသားကို ပိုင်စိုးခဲ့တဲ့သူကို လွယ်လွယ်နဲ့ မေ့လို့မရတာ ကျွန်တော်မလွန်ဘူးမလား??????

စားချိန်၊ အိပ်ချိန်မသိ အကခန်းမှာထဲမှာပဲ တစ်နေကုန် အချိန်ကုန်နေတဲ့ ကျွန်တော့်ရဲ့ ကမ္ဘာခဏတာ အမှောင်ထုတွေကြီးစိုးသွားပြီး................ဟိုးအဝေးဆုံးကို ခဏတာမျှောလွင့်လျက်............

Love Of My LifeWhere stories live. Discover now