Jennie's POV
Jenတို့ရဲ့ဆက်ဆံရေးကြောင့် Team memberတွေက Liliကို နော်ကွယ်မှာ တီးတိုးဝေဖန်တာမျိုးတွေကြောင့် Liliကိုအနှောင့်အယှက် မဖြစ်စေချင်တာမို့ အကြီးတစ်ယောက်အနေနဲ့ သတိပေးသင့်တာကို သတိပေးရမယ်လို့ ခံယူပြီး စာပို့ပေးလိုက်မိတယ်။ Seenပြပြီး အချိန်တော်တော်ကြာတဲ့အထိ စာမပြန်တာမို့ Jenမှာ Liliလေး စိတ်မကောင်းဖြစ်သွားပြီလားလို့ ကိုယ့်ဘာသာ တွေးပြီးစိတ်ပူရပြန်တယ်။
"Niniစိတ်ပူတဲ့ အကြောင်းရင်းကို နားလည်တာမို့ တခြားသူတွေအမြင်မှာ မသင့်တော်တာမျိုးမဖြစ်အောင် Liliဆင်ခြင်ပါ့မယ်။ ပြီးတော့ Profession နဲ့ Personalခွဲခြားထားပြီး အလုပ်ကိုလည်း မထိခိုက်စေရပါဘူးလို့ ကတိပေးတာမို့ Niniကစိတ်မပူနဲ့နော်။ love you"ဆိုတဲ့ ပြန်စာလေးတွေ့မှာ Jenမှာသက်ပြင်းချနိုင်တဲ့အဖြစ်.....
Jenရေမိုးချိုးပြင်ဆင်ပြီးသွားလို့ Hotel Receptionကိုဆင်းသွားတဲ့အခါ Lobbyမှာ SMနဲ့ KK Team Memberအားလုံးရောက်နေကြပြီး Jenရဲ့မြတ်နိုးရာလေးက သူ့Team Memberတွေနဲ့ စကားပြောနေတာလေးက တကယ့်ကိုရင့်ကျက်နေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပုံပန်းသွင်ပြင်အပြည့်နဲ့ အဲ့ဒီမြင်ကွင်းလေးကို Jenနှလုံးသားထဲမှာ အပြည့်အဝလိုက်မှတ်သားနေမိတယ်။
ဘေးနားကို Kaiရောက်လာပြီး "Jenဘာတွေငေးနေတာလဲ?"လို့ စကားစလာတော့မှ သတိပြန်ဝင်လာတဲ့အဖြစ်....
"ဪဘာမှ မဟုတ်ပါဘူး ဒီတိုင်းLiliလေးက တော်တော်လေးကို ရင့်ကျက်ပြီး ဦးဆောင်နိုင်စွမ်းရှိတာလေးကို သဘောကျပြီး ငေးကြည့်မိသွားတာပါ။ ဘာများပြောမလို့လဲ Kai"လို့ Jenပြောလိုက်တဲ့အခါ သူ့မျက်နှာ တစ်ချက်ပျက်သွားတာကို သတိထားလိုက်မိပေမယ့် Jenအတွက် ဘာသက်ရောက်မှုမှမရှိ SM Teamကို ပြန်Joinတဲ့နေ့ကစလို့ သိသိသာသာရော မသိမသာပါ Jenနဲ့ အရင်လို ပြန်ရင်းနှီးချင်တဲ့ အရိပ်အယောင်တွေ သူ့ဘက်က ပြနေပေမယ့် Jenနှလုံးသားက တစ်ယောက်သောသူကလွဲပြီး တခြားလူကို လက်ခံလို့မရတော့တာမို့ ချသင့်တဲ့စည်းတွေဘောင်တွေထားပြီး ခပ်ခွာခွာပဲနေဖြစ်တယ်။
Kai's POV
Jenက စကားကိုဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ဆစ်ခနဲနာကျင်ရတယ်။ Jenတစ်ယောက် Lisaကို ကြည့်နေတဲ့မျက်ဝန်းတွေမှာ ချစ်မြတ်နိုးမှုတွေ ကိန်းအောင်းနေတာကို မြင်နေရပေမယ့် မဖြစ်နိုင်ပါဘူး စိတ်ထင်တာပါဆိုပြီး ကိုယ့်ကိုယ်ကို ငြင်းမိနေတုန်း။ အခြားတစ်ဘက်မှာလည်း Jenကျွန်တော့်ကို ခပ်ခွာခွာနေနေတဲ့အကြောင်းရင်းက Lisaဆိုတဲ့တစ်ယောက်ကြောင့်ဆိုတဲ့အတွေး ဝင်ရောက်လာတဲ့အခါ ဒေါသစိတ်နဲ့ မနာလိုစိတ်တွေကလည်း တဖွားဖွား......။ ရင်ဘတ်ထဲက နာကျင်မှုကို ထိန်းချုပ်ရင်း မျက်နှာမပျက်အောင်ထိန်းထားရင်း
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...