Chapter-11

1.5K 200 16
                                    

(Unicode)

ရှည်လျား​သောဆံနွယ် နက်​မှောင်​တောက်ပ​​​​သော
မျက်၀န်းများ ဖြူစွတ်လွန်း​​သော အသားအရည်နဲ့
ထိုလူဟာ မိန်းက​လေးတစ်​ယောက်​တော့ မဟုတ်ခဲ့​ပေ။
ကြည့်လို့​ကောင်းတယ်ဟု ယူဆရ​အောင်လဲ ပုံရိပ်က
၀ိုးတိုး၀ါးတား မ​သေချာ​ပေ။ ညစ်​တေ​တေ အပြုံးကို​
တော့ပန်ဆင်ထားဟန်ရှိသည်။

ကြမ်းတမ်း​သော လက်ဖ၀ါး​တွေက သူ့လည်ပင်းကို
ပွတ်သပ်​နေသည်။ ကျားတ​ကောင်ဟာ ယုန်သူငယ်ကို
ကြည့်နေသဖွယ် ဆာ​လောင်မွတ်သိပ်ဖွယ်မျက်၀န်းများ

" မြည်းချင်းတယ် ဟား ဟား "

​ကြောက်မက်ဖွယ်​ကောင်း​အောင် ရယ်ပြီး
ကိုယ့်လည်ပင်း​တွေကို ဖိညှစ်ထားသည်။
တဖြည်းဖြည်း ငုံ့ကျလာ​သော သူ့ပုံရိပ်

ဟင့်အင်း

မလုပ်ပါနဲ့ ချမ်းသာ​ပေးပါ

မစားပါနဲ့ ​တောင်းပန်ပါတယ်

ကယ်ပါ ၊ လာကူညီကြအုံး !!

အားကုန်ညှစ်​အော်​သော်လည်း အသံ​တွေက
လည်​ချောင်း၀တင် ​​ပျောက်ကွယ်သွားရသည်။

လည်တိုင်​ဖွေး​ဖွေးကိို ဖိကိုက်လိုက်ချိန်​တော့

အားး!!

​ဂျောင်ကု စူးနစ်စွာကုန်း​အော်ရင်း
မျက်လုံးအပြူးသားနဲ့ နိုးထလာရသည်။

နိမ့်ချည် မြင့်ချည်ဖြစ်​နေ​သော ရင်ဘတ်တွင်
​ချွေးများပင်ရွှဲနစ်လို့

ဒီအိပ်မက်ကြီးပဲ ထပ်မက်ပြန်သည်။ အလုပ်စ၀င်
ကတည်းက မမက်​တော့တာ အခုမှပြန်မက်​တော့လဲ
စစတုန်းကလိုပင်​ကြောက်စိတ်က ​လျော့မသွား​ပေ။

" ဟိတ် "

အသိစိတ်မကပ်​သေးတဲ့ ​ဂျောင်ကု၊ထယ်​ဟျောင်း
အသံကိုမကြားပဲ မျက်နှာကျက်ကိုသာ စိုက်ကြည့်​
နေ​သည်။

ထယ်​ဟျောင်းလဲ စိုးရိမ်သွားကာ

" ​ဂျောင်ကု ဘာဖြစ်တာလဲ "

ပခုံး​လေးကို ခပ်ဆက်ဆက်​​လေးလှုပ်လိုက်​တော့မှ
အသိ၀င်လာသည်။

PARALLEL [ Completed ]Où les histoires vivent. Découvrez maintenant