Chapter-35 [ Final ]

3.5K 231 66
                                    

( Unicode )

' ဒုန်း ဒုန်း '

လာတုန်းကကျတော့ တချက်ဆောင့်ကန်ရုံနဲ့ပွင့်သည့်တံခါးက အခုတော့
ဘယ်လောက်တွန်းတွန်း မရတော့ပေ။ ဒါကလဲ အပြင်မှာ လော့ခတ်ထားတာကြောင့်ရယ် Air တမင်တကာအကျင့်ယုတ်ပြီး တံခါးရှေ့ ကားပိတ်ရပ်ထားခဲ့လို့ဖြစ်သည်။ ထယ်ဟျောင်းပခုံး တခြမ်းလုံးနာနေပြီ ဖြစ်သည်။

' ဒုန်း '

" နာမယ် ဂျောင်ကု ကိုယ်ဖွင့်ပေးမယ် "

တကယ်တော့ဂျောင်ကုလေးက ထယ်ဟျောင်း နာကျင်နေတာကို မကြည့်ရက်ဖြစ်နေရှာတာ။ ထယ်ဟျောင်းတားတော့လဲ သူ့မှာ မျက်နှာငယ်လေးနဲ့

" ကျွန်တော်က သူဌေး အသားနာနေတာ မကြည့်ရက်လို့ "

" ကူပဲတွန်းပေးလေနော် "

နှစ်ယောက်သား အားကြိုးမာန်တတ် တွန်းကန်ဖွင့်ကြသည်။ အချိန်တွေကတဖြည်းဖြည်းမှောင်လာလေပြီ။ အိမ်ကိုအချိန်မီ မပြန်နိုင်ရင် ဂျောင်ကု အန္တရာယ်ရှိနိုင်သည်။ တနေကုန်အလုပတွေရှုပ်နေလိုက် ဂျောင်ကုလဲ မရှိတာကြောင့် နေ့လည်စာလဲမစားဖြစ်ဘူး။ဆေးလဲမသောက်ရသေးဘူး။အားကလဲ ပြိုင်းလာပြီ ။ အားပြိုင်းတာက အကြောင်းမဟုတ်ဘူး ၁၂ ဆိုရင် စိတ်က ထိန်းရမှာမဟုတ်ဘူး။သွေးဆိုးရင် မဖြစ်သင့်တာ ဖြစ်ကုန်တော့မှာ။ထယ်ဟျောင်း
ဇောချွေးတွေပါပျံလာသည်။

" စိတ်အေးအေးထားပါ သူဌေးရယ် "

သူစိုးရိမ်နေတာကို ဂျောင်ကုက နားလည်ပုံရတယ်။ စိတ်အေးအေးဘယ်လိုလုပ်ထားနိင်မှာလဲကွာ မင်းနာကျင်ရမှာကို

နီးကပ်လာတဲ့အချိန်တွေကြောင့် ထယ်ဟျောင်းမှာ ရွေးချယ်စရာမရှိတော့
စိတ်ကိုစုစည်းလိုက်ပြီး ရှိသမျှအားအကုန်ထုတ်သုံးကာ တွန်းဖွင့်လိုက်သည်။

' ဝုန်း ' ခနဲ အပွင့်မှာ ဖုန်လုံးတွေကလဲ ဖွားခနဲ လွင့်ပျံတက်လာသည်။ အားဘယ်လောက်တောင် သုံးမိလဲဆို တံခါးရှေ့ပိတ်ရက်ထားသည့် ကားဖင်တောင်
တခြမ်းပိန်သွားသည်။ ထယ်ဟျောင်း အလျင်အမြန်ပဲ ပါးစပ်အဟောင်းသားလေးဖြစ်နေတဲ့ ဂျောင်ကုကို လက်ဆွဲ၍ သူ့ကားဆီ ခေါ်သားသည်။ နာရီ၀က်မျှသာ ကျန်ရှိသော အချိန်တွေကြောင့် ထယ်ဟျောင်း ပူလောင်နေရသည်။
တကယ်ဆို ဂျောင်ကုကို ပွေ့ချီပြီး ပျံသွားလိုက်ချင်တာ။ ကိုယ့်မှာ ဘာမှမစားရသေးဘဲ တံခါးဖွင့်ဖို့ အားကိုတော်တော်သုံးလိုက်ရတာကြောင့် စွမ်းအင်က သိပ်မကျန်တော့။ အိမ်အမြန်ရောက်မှပဲ ရတော့မည်။

PARALLEL [ Completed ]Место, где живут истории. Откройте их для себя