Chapter-31

1.1K 160 22
                                    

( Unicode )

" Air "

ကြမ်းခင်း​ပေါ် ပုံပုံ​လေး​ခွေကျသွားတဲ့ Air ကို
Ray ​ကောက်​ပွေ့ထားရင်း ထိုင်လျက်နဲ့ပင် ထယ်​ဟျောင်း
အား စူးစိုက်စွာ ကြည့်၍

" မင်းဘာ​တွေ ကြံစည်​နေတာလဲ ကင်မ်ထယ်​ဟျောင်း "

ထယ်​ဟျောင်းတုံပြန်မှုက မျက်ခုံးတချက်ပင့် ပခုံးတချက်တွန့်ရုံ​သာ ရှိ၏။ မထီတထီမျက်နှာကိုမြင်ပြီး Ray တစ်​ယောက် ​ဒေါသဘယ်​လောက်များထွက်​နေရှာမလဲ။
​ခေါင်းတချက်ညိတ်ပြလိုက်​တော့ ​စော​​စောက Air ကို
​မေ့​ဆေးနဲ့အုပ်တဲ့​ကောင်​နှစ်​ယောက်ကပဲ Ray ပခုံးတဖက်တချက်ဆီကို ချုပ်ထားလိုက်ကြသည်။

" ဘာလုပ်တာလဲ လွှတ်စမ်း "

" အာ ဟား ဟား ဟားးးး "

​ခြောက်ကပ်ကပ်ရယ်သံနဲ့ ထယ်​ဟျောင်းအသံက
ညအ​မှောင်တွင် ​​ကြောက်မက်ဖွယ်ရာ​အတိ။

Ray အနားကို တလှမ်းချင်းတိုးသွားလိုက်ပြီး ​သူ့ဆီက
Air ကို အင်္ကျီ​ကော်လံစမှ ကိုင်ဆွဲကာ တဖက်သို့ လှိမ့်
တွန်း ဖယ်ချပစ်လိုက်သည်။ Ray ​ရှေ့ ​​ဆောင့်​ကြောင့်
ထိုင်ချပြီး ​မှောင်ရိပ်များကြားမှ ​​လောင်မြိုက်​နေတဲ့
Ray မျက်နှာကို အရသာခံကြည့်သည်။

ချုပ်ထားရာမှ လွတ်​မြောက်ဖို့ အားကုန်ရုန်း​နေ​​သော်လည်း
မ​အောင်မြင်ပါ။ Ray စိတ်ထဲထင့်သွားသည်။ ဒီ​ကောင်
​တွေ လူမှဟုတ်ရဲ့လား။ အားမလိုအားမရဖြစ်ခြင်း​ကြောင့်မျက်​မှောင်​တွေက ​ဖြေဆန့်လို့မရ​တော့​ပေ။ အ​ရှေ့က
ကင်မ်ထယ်​ဟျောင်းကိုလဲ သတ်ပစ်ချင်​နေမိပြီ

" ​ကြောက်​နေလား "

" ချီးကို​ကြောက်ရမှာလား "

" ​အဟွန်း "

ထိုင်​နေရာမှ ထရပ်လိုက်ပြီး ဒူး​ထောက်ကျ​နေသည့်
Ray မျက်နှာကို မညှာမတာဖျက်ကန်လိုက်သည်။
အရှိန်ပြင်းလွန်းတဲ့ ကန်ချက်​ကြောင့် ယိုင်ကျသွား​ပေမယ့်
အ​နောက်က ထိန်းချုပ်ထားတဲ့နှစ်​ယောက်​ကြောင့် လဲ
​တော့မသွားခဲ့​ပေ။ ကန်ချက်​ကြောင့် ပါး​စောင်မှထွက်
လာသည့် ​သွေး​တွေကို ထယ်​ဟျောင်း ရှူးဖိနပ်​ပေါ်သို့
တမင်​ထွေးထုတ်လိုက်သည်။

PARALLEL [ Completed ]Where stories live. Discover now