Chapter-10

1.8K 201 9
                                    

(Unicode)

ဂျောင်ကုမှန်ဘီလူးတစ်လက်နဲ့ အလုပ်ရှုပ်နေသည်။

' ရှူး '

ဘေးမှာထိုင်နေတဲ့ထယ်ဟျောင်းကိုပါ တိုးတိုးနေ
ဆိုသည့်အထာနှင့် နှုတ်ခမ်းလေးပေါ်ကို လက်ညိုး
တစ်ချောင်းလေး ကပ်ပြသည်။

အကြောတင်းကိုကြည့်ရင်း သက်ပြင်းချကာ
ကားထိုင်ခုံမှာ မှီမှေးနေတော့သည်။

" ထွက်လာပြီ ထွက်လာပြီ "

မှန်ဘီလူးကြည့်ရင်းနှင့်ပင် ပါးစပ်ကလဲ တိုးတိုးတိုးတိုး
​ရေရွတ်​နေသည်။

Shit! ညက​မှောင်မိုက်​နေတာ​ကြောင့် ဘာမှမမြင်ရပါ။
လူနှစ်​ယောက်ထွက်လာတာ​တွေ့​သော်လည်း ဘာမှ သဲသဲကွဲကွဲမရှိ၊ ကားရပ်ထားတဲ့နေရာကလဲ နဲနဲအလှမ်း​ဝေးနေတာမျိုးဖြစ်သည်။

ကျစ်

​ဂျောင်ကု စိတ်မရှည်​တော့ဘဲကင်မရာကို ​ကောက်ကိုင်လိုက်သည်။စိတ်ရှည်မှဖြစ်​တော့မည်။လူရိပ်မဲမဲ​တွေကိုပဲ ရိုက်​နေလို့ကတော့ တိကျတဲ့သတင်းကိုရမှာမဟုတ်။

" ဘာလုပ်အုံးမလို့လဲ "

ကားတံခါးဖွင့်ပြီး ​ဆင်း​တော့မလို့ပဲ ဘဲကြီးက လှမ်းဆွဲထားလို့ ကြန့်ကြာ​နေရ​သေးတယ်။ဆွဲတယ်ဆို​ပေမယ့်လဲ အတင်းအကြပ်မဟုတ်ပဲ ကိုင်ရုံသာ။

" ပုံဆင်းရိုက်မို့ ဒီက​နေဆို ဘာမှမမြင်ရဘူး "

" မင်းကိုမြင်သွားမှာ​ပေါ့ ဘယ်လိုနည်းနဲ့ သွားမှာလဲ "

ဒါလဲဟုတ်တာပဲ။​ မှောင်​နေ​ပေမယ့်လဲ လှုပ်စိလှုပ်စိဆို
​တွေ့သွားနိုင်တယ်။ ကံမ​ကောင်းရင်​ပေါ့။ သူအကြပ်ရိုက်သွားသည်။ကမ်း​​ခြေဆို​တော့လဲ ​​တော​တွေလိုပုန်းကွယ်စရာမရှိ။အကုန်လုံးက ဟင်းလင်းပြင်။ ပတ်၀န်းကျင်
အ​ခြေအ​နေကြည့်တယ်။ သူစဥ်းစားတယ်။ အချိန်ဆွဲ​နေ
လို့မဖြစ်။ ဒီလိုသတင်းကြီးကို လိုက်ရတာ သူ့အတွက်
ပထမဦးဆုံးပဲ။ ​ဂျောင်ကု​တွေ​​​ဝေမ​နေ​တော့ပဲ အသင့်ပါလာတဲ့ Hoodie အနက်တထည်ကို​ ကောက်စွပ်လိုက်သည်။ Mask အနက်တပ်တယ်။ သူတို့လိုလူမျိုး​တွေက
ဒါ​တွေကို အမြဲအိတ်​ဆောင်ပဲ။ ဆံပင်​တွေကို အုပ်သည်ထက်အုပ်​အောင် မျက်နှာ​ပေါ်ချ​ထားလိုက်သည်။

PARALLEL [ Completed ]Where stories live. Discover now