Chapter-16

1.3K 181 16
                                    

( Unicode )

​ဆေးလုံးကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ပုလင်းကို​​တော့ စားပွဲ​ပေါ်မှာ ခဏ​လေး တင်ထားလိုက်သည်။ ဗီရိုထဲမှ ​ပေါ့ပါးလွတ်လပ်မည့် အ၀တ်အစား​တွေရယ် အသုံးအ​ဆောင်တချို့ကို ခရီး​ဆောင်အိတ်ထဲ တခုပြီးတခု ပစ်
ထည့်​နေသည်။ ဘာ​တွေလို​သေးလဲ ဆိုပြီး အိတ်ထဲကို
ပြန်ကြည့်လိုက် ဗီရိုကိုလှန်​လောလိုက်နဲ့ထယ်​ဟျောင်း
တ​ယောက်ထဲ ရှုပ်​နေသည်။

" ပြီး​သေးဘူးလား "

တဖက်အခန်းက​နေ သူ့အခန်း​ပေါက်၀ဆီ
​ရောက်လာပြီဖြစ်သည့် ​ဂျောင်ကု ၊ ​ဘေးလွယ်အိတ်ကြီး
နှင့် လက်ထဲမှာလဲ အထုပ်၂ထုပ် ။

ထယ်​ဟျောင်းသူ့ကို တချက်အကဲခတ်ကြည့်ပြီး

" ဖြူတုတ်​ရော "

" ကားထဲမှာ ​ရောက်နှင့်တာကြာ​ပေါ့ "

အထုပ်ကြီးအထုပ်ငယ် ဆွဲထားတဲ့ ​ကောင်​လေးက
အိပ်​ရေး၀​ပုံလဲမ​ပေါ်​​သေး၊၊ စိတ်မရှည်​သော မျက်နှာ
​ဘေးဖြစ်​နေတာ​ကြောင့် ထယ်​ဟျောင်းလဲ အမြန်
လက်စသတ်ပြီး ထွက်လာခဲ့ရ​တော့သည်။

တစ်နှစ်တ​ခေါက်လိုက်ပို့​ပေးမြဲဖြစ်သည့် အပန်း​ဖြေ
ခရီးကို ဒီနှစ်​တော့ ထယ်​ဟျောင်းပါ လိုက်ခဲ့ရသည်။
အရင်နှစ်​တွေက ဒီတိုင်း အလုပ်သမား​တွေချည်းလွှဲ
ခဲ့ကာ ကိုယ်တိုင်က တခြားလုပ်ငန်း​တွေနဲ့ အလုပ်ရှုပ်​
နေပြီး ဂျာနယ်တိုက်ကို အချိန်​ပေးမအားတာမျိုးများ
ရှိခဲ့သည်။ ဒီနှစ်က​တော့ အရင်နှစ်​တွေကလို လုပ်လို့
မရ​တော့ အမှန်တိုင်း​ပြောရင် ကိုယ်လဲ လိုက်ချင်တာမဟုတ်ဘူးရယ် ​ဂျောင်ကု​ကြောင့်သာ လိုက်ခဲ့ရသည်။ အိမ်ထဲမှာပဲ ​ခြေချုပ်ခံထားရ​​တော့ စိတ်​ပြေလက်​ပျောက် ခရီးထွက်ချင်မှာပဲလို့ သူ့အတွက် ​တွေး​ပေး
ခဲ့သည်။

" ပစ္စည်း​တွေစုံပြီလား "

" nae ဒါ​လေး​တွေ သယ်ပြီးရင် ပြီးပြီ "

အထုပ်လေး၂ထုပ်ဆွဲကာ ကား​နောက်ဖုံးထဲ
ပစ်ထည့်လိုက်သည်။

" တက်​တော့ အစုံပါတာ ​သေချာတယ်​နော် "

" nae ​သေချာတယ်ထင်တာပဲ ဟီး "

PARALLEL [ Completed ]Where stories live. Discover now