Chapter-25

1.1K 152 21
                                    

( Unicode )

ဒီ​နေ့​တော့ ရုံးအပြန်​ဂျောင်ကုကီတစ်​ယောက်
ထယ်​ဟျောင်းကားကိုတက်​မောင်းသည်။ စိုးရိမ်လို့
မ​​ပေးချင်​သော်လည်း ​ဂျောင်ကုက သူ့​ကြောင့်
ကားတစ်ခုခုဖြစ်မှာစိုး၍ မ​ပေးဘူးထင်​နေ​သော​ကြောင့်
​လိုက်​လျောလိုက်ရသည်။ ဒီ​ကောင်​လေးက ဘာမှ
နားလည်တာမဟုတ်ဘူး။ ​တွေးချင်ရာ​တွေး​ ထင်ချင်ရာ
ထင်​နေတာ။ ဒီ​ကကောင်ဘာကိုစိတ်ပူလဲဆိုတာ
သိကိုမသိ။

" ဝန်ထမ်း​တွေ​ရှေ့ဆို ဆင်ဆင်ခြင်ခြင်​လေး​နေ​ပေးပါ
သူ​ဌေးရယ် "

" ဘာကိုလဲ "

" ဟိုနေ့ညက ပတ်​ဆောဂျွန်းရှေ့မှာ ငါ့​ကောင်​လေး
ဆိုပြီး ကြုံးဝါးခဲ့တာ​လေ "

" အဲ့တာဘာဖြစ်လဲ "

​ဂျောင်ကုက သူ့ကိုမဲ့ကာတချက်ကြည့်ပြီး
​ရှေ့သို့ပြန်လှည့်၍

" ဟိုကလဲ ပြန်ခါနီး ​နောက်လိုက်​သေးတယ်​လေ "

" ​အေးသိတယ်​လေ အဲ့တာဘာဖြစ်လဲလို့ "

လိုရင်းကိုမ​ရောက် ပြီးခဲ့တာ​တွေ ပြန်​ပြော​နေတာနဲ့
အိမ်​ရောက်​တော့မည်။

" ​ပြောမှာ​ပေါ့ ဘာဖြစ် ​အေး​ဆေး​ပေါ့ "

ထယ်​ဟျောင်းဘာမှမ​ပြော​တော့ ​ကား​မောင်း​နေတဲ့
​ဂျောင်ကုကိုသာကြည့်ရင်း ပြန်​ဖြေမယ့်စကားကိုပဲ
​စောင့်​နေလိုက်သည်။​ပြောစရာရှိတာမ​ပြော​သေးဘဲ
သက်ပြင်းကိုချသည်။​​နောက်မှ

" ရုံးကလူ​တွေသိပြီး စ​နေကြလို့ "

" ​နေပါအုံး တစ်ရုံးလုံးသိသွားလို့လား ၊ အဲ့​နေ့က
ပါတဲ့လူဆိုလို့ မင်းရယ်ကိုယ်ရယ်အပြင် မင်ယွန်းဂီရယ်
ဂျန်မီလန်းရယ် လီမင်ဟို​ကောင်မ​လေး ကွမ်ဆိုရာပဲ
ပါတာ​လေ။ ​သူတို့​တွေက ဖွပလိုက်တာလား "

" အဲ့လိုမဟုတ်ပါဘူး ၊ အစ်မတို့ ဂျာကြီးတို့က နှုတ်လုံ
ပါတယ်၊၊ စတယ်ဆိုတာကလဲ သူတို့ပဲစတာကို ​ပြော
တာ။ တရုံးလုံးက စကားအဖြစ်​ပြောတာ​ပေါ့ သူ​ဌေး
ကလဲ အ​သေးစိတ်ကိုလိုက်​တွေး​နေ​တော့တာပဲ "

" ​တွေးရမှာပဲ မင်း​တောင်ဒါ​လေးကို လိုက်ဂရုစိုက်
​နေတာ၊ ငါလဲ​ပေါက်​ပေါက်​စေ့​စေ့​ပြန်ရစ်မှာပဲ "

PARALLEL [ Completed ]Where stories live. Discover now