Chapter-5

2.8K 298 21
                                    

(Unicode)

" အား~~ "

ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည့်
အာမေဍိတ် အသံကြီးကြောင့် ထယ်ဟျောင်းတို့
အလန့်တကြားပဲ လှမ်းကြည့်မိကြသည်။

ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူအုပ်ကြီးက
သူတို့ဆီပြေးလာနေသည်။

" ဘာတွေဖြစ်ကုန်တာလဲ "

" ‌ပြေးကြတော့ ‌ပြေးကြတော့ မကောင်းဆိုးဝါး
မကောင်းဆိုးဝါးတွေ "

ထယ်ဟျောင်းမျက်လုံးတွေ ပြူးသည်ထက်ပြူးနေပြီ
သူ့မျိုးနွယ်တွေ ဘယ်လိုဖြစ်ပြီး ရောက်လာကြပါသလဲ

ဆူအာကတော့ မိန်းကလေးဆိုတော့ကြောက်နေပြီ
သူ့လက်မောင်းတဖက်အား အားကိုးတကြီးဆုပ်ကိုင်ထားသည်။

" ဆူအာ "

မျက်နှာလေးကဖြူလျော့လို့
တကယ် သနားမိသည်။

" ဘာမှမကြောက်နဲ့ ငါရှိတယ်
ငါတို့ဒီနေရာကနေ အမြန်ဆုံးထွက်သွားရအောင်နော်
နင့်ကို အိမ်ထိလိုက်ပို့ပေးမယ် "

" နင် နင်ကရော နင် အိမ်မပြန်ပါနဲ့တော့
ဒီည အိမ်တော်မှာပဲ တည်းလိုက်ပါလား
အဖေ့ကို ငါပြောပေးမယ် "

" မဖြစ်လို့ပေါ့ ဆူအာရယ် လာ နောက်မကျခင်သွားရအောင် "

သူမ ဘာမှမပြောခင် သေးငယ်တဲ့သူမလက်လေးကို
ဆွဲရင်း မြန်ဆန်တဲ့ အရှိန်နဲ့ သူမအိမ်နားထိရောက်အောင် ပို့ပေးလိုက်သည်။

သူမ အန္တရာယ်ကြောင့် ဝေဟင်စွမ်းအားကို အသုံးပြုမိသွားသည်။ သုံးသင့်မသုံးသင့်တွေ တွက်မနေဘူး
အဓိကက သူမအန္တရာယ်ကင်းဖို့

ရန်သူများနှင့်ဝေးရာ နေရာတစ်ခုကိုရောက်တော့

" ထယ်ဟျောင်း ရပ် ထယ်ဟျောင်း အခုချက်ချင်းရပ် "

ဆူအာ့အော်သံကြောင့် ရပ်ပေးလိုက်ရသည်။

ထယ်ဟျောင်းကို သူမ စူးရဲစွာစိုက်ကြည့်နေသည်။

" ဘယ်လိုဖြစ်တာလဲ "

" ဘာကိုလဲ "

"နင်အခုသုံးလိုက်တဲ့ အကွက် "

" ဆူအာ ငါနောက်မှပြန်ရှင်းပြမယ် နင်အန္တရာယ်
ကင်းအောင် အရင်လုပ်နော် လာပါ "

PARALLEL [ Completed ]Where stories live. Discover now