Chapter-34

1.2K 170 64
                                    

( Unicode )

လုပ်သက်​လေးလဲနဲနဲရလာ​​တော့ ​ဂျောင်ကု​တို့ အင်တာဗျူး​တွေကို တ​စ်​ယောက်ထဲ လုပ်ကိုင်တတ်လာသည်။ ဒီ​နေ့
လဲ နာမည်ကြီး စာ​ရေးဆရာတစ်​​ယောက်ကို ​တွေ့ဆုံ
​မေးမြန်းရသည်။ စာ​ရေးဆရာဆိုတော့ ​အေး​အေးလူလူ
ရှိတဲ့ ​ကော်ဖီဆိုင်​လေးတစ်ဆိုင်မှာဘဲ​ပေါ့။ နာမည်ကြီး
ဆို​ပေမယ့် အသက်ကငယ်သည်။ လက်​ပေါက်သိပ်မကပ်ဘူး​ပေါ့။ ဝါနု​ပေမယ့် ပညာမ​သေးတဲ့အတွက် သူ့ဆီက​နေ
​ဂျောင်ကု သင်ယူစရာ​တွေ မှတ်သားစရာ​တွေ တ​ပွေ့တပိုက်ကိုလဲ ရခဲ့ပါ​သေးသည်။ အကုန်ပြီးစီး​တော့ စာ​ရေးဆရာကို နှုတ်ဆက်ပြီးထွက်လာလိုက်သည်။ စာ​ရေးဆရာက​တော့ ကုန်ကြမ်းအတွက် ဆက်ထိုင်အုံးမယ်တဲ့​လေ။

ပူပြင်း​လွန်းတဲ့ ဒီရာသီမှာ အဖွဲ့လိုက်လှုပ်ရှားမှုထက်
ဒီလိုတစ်​​ယောက်ထဲ သွားလာရတာက ပိုပြီး​တော့ ​ပေါ့​ပေါ့
ပါးပါးရှိသည်။ သက်​တောင့်သက်တာပိုဖြစ်​​စေသည်။
​ဂျောင်ကု ခပ်သွက်သွက်ပဲလမ်းကို​လျှောက်သည်။ ဆိုင်က
လမ်းသွယ်ကိုမှ ​​အထဲ​ဘက်​အရမ်းကျသည်။ ကားလမ်းမကြီးနဲ့လဲ ​ဝေး​တော့ ကားဂိတ်ကို​ရောက်ဖို့ကို ​တော်​တော်
​လေး​​လျှောက်ယူရသည်။

' တီ တီ '

အမြန်သွား​နေရင်းမှ ကားဟွန်းက ကိုယ့်နားကို ကပ်ပြီး
တီးသည်။ ဇက်ခနဲဖြစ်သွားပြီး လှည့်ကြည့်လိုက်​တော့
ကိုယ့်​ဘေးမှာလာရပ်တဲ့ ကားအနက်တစ်စီး၊ ဖြည်းဖြည်း
ချင်းကျလာ​တော့ ကားမှန်​အောက်က ရင်းနှီးပြီးသား မျက်နှာနဲ့လူ

" တစ်​ယောက်ထဲလား ​ဂျောင်ကု "

အူလည်လည်နဲ့​ခေါင်းညိတ်မိလိုက်တယ်။

" စာနယ်တိုက်က ထွက်သွားထဲက မင်းနောက်ကို
လိုက်လာတာ "

ဘာလို့လဲ~

စိတ်ထဲမှာသာ​မေးမိ​နေတာ ပါးစပ်က ဘာတစ်လုံးမှ
ပွင့်အန်ကျမလာဘူး

" ကား​ပေါ်တက်​လေ လိုက်ပို့​ပေးမယ်
အလုပ်ကိုပြန်မှာမလား "

" ........ "

" ဘာ​ကြောင်ကြည့်​နေတာလဲ တက်​လေ "

PARALLEL [ Completed ]Where stories live. Discover now