Chapter-3

2.2K 255 10
                                    

(Unicode)

ဟုန်းချောင်းမြို့လေးသည် ကုန်သည်ပွဲစားများ သွားလာ
ဝင်ထွက်မှု များသောကြောင့် အချိန်မရွေးစည်ကား
သိုက်မြိုက်လို့နေသည်။ကုန်ပစ္စည်း ဖလှယ်မှုများ
ပြုလုပ်ရာ နေရာအဖြစ်လဲ သတ်မှတ်ကြသေးသည်။
သို့ဖြစ်၍ ဟုန်းချောင်းမြို့လေးတွင် ပြည်ပ ကုန်သည်ပွဲစား အမြောက်အမြားကိုလဲ နေရာအနှံ့အပြားတွင်လဲ
ရပါသေးသည်။ထို့ကြောင့် စီးပွားရေးအချက်အချာ
မြို့တော်တခုအဖြစ် နာမည်ကြီးလှသည်။

ဈေးတန်းများကလဲ နေရာမလပ်ရှိကြသည်။
လာရောက်လည်ပတ်သူများ များပြားလွန်းသောကြောင့်
တည်းခိုရိပ်သာ ဧည့်ဂေဟာများဟာလဲ လမ်းတိုင်း
လိုလိုတွေ့ရသည်။

ထယ်ဟျောင်း ပျော်စရာကောင်းသော မြို့လေးအား
ကျောက်စိမ်းပုလွေလေး တလှည့်လှည့်ဖြင့် စူးစမ်း
လေ့လာကြည့်ရှုသည်။အလွှာတန်းစားမျိုးစုံ၏
ဝတ်စားပုံ တစ်နည်းဆိုသော် သာမန်လူသားများ၏
ဝတ်စားဆင်ယင်ပုံနှင့် သူ၏ အသွင်အပြင်တို့က
ကွာခြားလွန်းနေသည်။လမ်းတလျှောက် ဖြတ်သန်းသွား
လာသူများကပင်လျှင် သူ့အား တိုင်တပါးသားဟု
ထင်မှတ်ကြသည်လား တွေးမိရလောက်အောင်ပင်
စူးစူးစိုက်စိုက်ကြည့်သွားကြသည်။

တလမ်းဝင်တလမ်းထွက် မမောမပမ်းနိုင်
လောက်အောင် သခင်လေး ကင်မ်ဟာဆိုရင်ဖြင့်
ပျော်မြူးနေဟန်ရှိသည်။ခမည်းတော်မသိအောင်
ခိုးထွက်လာခဲ့တာကြောင့်ဖြစ်သည်။ ဟုန်ချောင်း
မြို့ထဲမပြောနှင့် ခမည်းတော်၏ ပူပန်တတ်ပုံနှင့်
ဂန်ဝန်တောကပင် ထွက်ခွင့်ရမည်မဟုတ်။

သူ၏ဖြစ်တည်မှုကိုသူ မေ့သွားရလောက်အောင်
သာမန်လူ့ဘဝလေးက အေးချမ်းသည်ဟု ခံစားရလာသည်။ ထယ်ဟျောင်းလို ဆယ်ကျော်သက်လေး တစ်ယောက် အနေနှင့် လွတ်လပ်မှုကို မက်မောတာဟာ အဆန်းတော့မဟုတ်ပေ။ လူငယ်ပီပီ သွက်လက်ထက်မြက်ပြီး အရာရာ စူးစမ်းချင်တဲ့ ထယ်ဟျောင်းလေးအဖို့ ဟုန်ချောင်း မြို့လေးဟာ သူ့အတွက်လည်ပတ်စရာနေရာတခုဖြစ်လာခဲ့ချေပြီ။

" ရပ်စမ်း "

နောက်ကျောဘက်က ကြားရသည့် မိန်းကလေး
တစ်ယောက်အသံ ၊ ထယ်ဟျောင်းသတိမမူဘဲ
ရှေ့ကိုဆက်သွားနေလိုက်သည်။ဟုတ်သည်လေ
ဒီနေရာမှာ ဒီလောက်လူတွေကများတာ ၊ ပြီးတော့
သူဒီနေရာကိုရောက်တယ်ဆိုတာကလဲ ပထမဆုံး
ဘယ်အသိမိတ်ဆွေမှလဲမရှိသလို မျိုးနွယ်တွေကလဲ
တူကြတာမှမဟုတ်တာရယ်

PARALLEL [ Completed ]Donde viven las historias. Descúbrelo ahora