( Unicode )
" အထ္ထုပတ္တိ "
ပီဇာ ပလုတ်ပလောင်းနဲ့ဂျောင်ကုရဲ့အမေးကို
ထယ်ဟျောင်း အသာလေးခေါင်းညိမ့်ကာ
ဖြေလိုက်သည်။
" ဘာစိတ်ကူးတွေရလို့လဲ "
" ဘာလို့မေးတာလဲ "
" မဟုတ်ပါဘူး သူဌေးက အရင်ကဆို
ရှိလို့ရှိမှန်းတောင် မသိအောင် တိတ်တဆိတ်
ပုံးကွယ်နေတာလေ ၊ အခုရုတ်တရက်ကြီး
ပေါ်လာပြီး ကိုယ်ရေးအထ္ထုပတ္တိ တွေပါထုတ်အုံးမယ်
ဆိုတော့ ထူးဆန်းလို့ပါ "
ဆီတွေပေနေတဲ့ဂျောင်ကု နှုတ်ခမ်းကို
တစ်သျူးဆွဲယူကာ ခပ်ကြမ်းကြမ်းပဲ
သုတ်ပေးလိုက်သည်။ရုတ်တရက် သူ့အပြုအမူ
ကိုဂျောင်ကုကတော့ လန့်သွားဟန်ပေါ်ပင်မယ့်
သူကတော့ အေးဆေးမျှသာ ဂျောက်ကုမေးတာကို
ဆက်ပြောသည်။
" လူတိုင်းပြောင်းလဲနိုင်တာပဲလေ ၊ အရင်က
လူသိခံရတာမကြိုက်ပေမယ့် အခုကြိုက်လာလို့ပေါ့ "
" အော် "
တလုံးထဲသာပြောပြီး ဘာမှဆက်မမေးတော့
ပီဇာကိုက်လိုက် ကိုလာ သောက်လိုက်နဲ့
ဂျွန်ဂျောင်ကုတို့ အိုကေမှာဆိုပြေနေသည်။
" တော်ပြီလား ထပ်မှာအုံးမလား "
" ဟီး တော်ပါပြီ စားပွဲပေါ်မှာလဲ အများကြီး
ဒါနဲ့ သူဌေး ရောမစားဘူးလား "
ဟုတ်သားဟ!!သူစားတာမြင်တာနဲ့
ကိုယ်ဗိုက်ဆာနေတာတောင် မေ့တယ်
" သတိပေးလို့ကျေးဇူး "
နှစ်ယောက်သား သဘောကျစွာရီလိုက်ကြသည်။
ထယ်ဟျောင်းကတော့ သူစားနေကျ စပါဂတ်တီကို
သက်သက်လွတ်လုပ်ခိုင်းလိုက်သည်။
ဖြူဖျော့ဖျော့နဲ့ ဘာအသားမှမပါသည့်
စပါဂတ်တီကို ဂျောက်ကု လှမ်းအကြည့်
ထယ်ဟျောင်း မော့အကြည့်နှင့်တိုးသွားပြန်သည်။
ထယ်ဟျောင်းက ခေါက်ဆွဲဖက်များကို
ခရင်းဖြင့်လိပ်ပြီး ဂျောင်ဂုမျက်နှာရှေ့
ထိုးပေးပြီး
" စားအုံးမလို့လား "
" တော်ပါပြီ ဟီး "
" အာ့ဆို ဘာလို့ ကြည့်ကြည့်နေလဲ "
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021
![PARALLEL [ Completed ]](https://img.wattpad.com/cover/157667019-64-k973411.jpg)