Chapter-12

1.4K 188 11
                                    

(Unicode)

" မလုပ်နဲ့ !! အား "

အိပ်နေရာကနေ ကြောက်လန့်တကြား ထအော်ပြန်
သည့် ဂျောင်ကု။

ထပ်မက်ပြန်သည်။ဟိုနေ့က မက်သည့်အိမ်မက်ကိုပဲ
အခုရက်ပိုင်းအတွင်း မက်တာ ရက်စိပ်လို့ လာ​လေပြီ။ မက်တိုင်းလဲ ​ကြောက်ရစမြဲ။အိပ်မ​ပျော်တဲ့ ည​တွေက ​ဂျောင်ကုအတွက်များ​နေပြီ။

​မှောင်မိုက်တဲ့ အခန်းကျဥ်း​လေး​ထဲမှာ အားကိုးစရာမရှိ​တော့ မျက်လုံးအစုံကိုပဲအတင်းမှိတ်ရသည်။ရင်ဘတ်​
ပေါ် လက်​လေးနှစ်ဖက်ကို တင်ကာ စိတ်ငြိမ်​အောင်
ဂဏန်းသင်္ချာတွေရေ​တွက်​နေလိုက်သည်။

သိုးတစ်ကောင်...သိုးနှစ်​ကောင်...သိုးသုံးကောင်...

သိုး​လေးကောင်...သိုးငါးကောင်...သိုး...

' ဗက် '

မျက်နှာ​ပေါ်ကျလာသည့် ​ပျော့စိစိအရာ​ကြောင့် ​
ဂျောင်ကု ကြက်​သေ​သေသွားသည်။

မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်​တော့
လက်ညိုးတ​ချောင်းစာအရွယ်ရှိသည့် အိမ်​မြှောင်ဟာ
သူ့နှာ​​ခေါင်းပေါ် ပြုတ်ကြခြင်းဖြစ်သည်။

သူအသံပင်မထွက်ရဲ​တော့ပါ။ကံဆိုးလို့အိမ်​မြှောင်
ပါးစပ်ထဲ၀င်လာရင် ​ဂျောင်ကုတို့အသက်ပါ​ပျောက်
သွားမည်။အခု​တောင်လိပ်ပြာရှိ​သေးလား ပြန်စမ်းစစ်
သင့်​နေပြီ။

​တောင့်​တောင့်ကြီးပဲ ဖြစ်​နေကာ ဘာလုပ်လို့လုပ်ရမှန်း
မသိ။

သူ့ဟာသူ အိမ်​မြှောင်က ​သူ့ခေါင်း​ပေါ်က​​နေတစ်ဆင့်​
ကျော်ခွဆင်းသွား​တော့မှပဲ ​ဂျောင်ကုတို့ အသက်ရှူ​
ချောင်​တော့သည်။

​ဘေးမှာရှိတဲ့​​စောင်ကို ​ခေါင်းမူးခြုံးလိုက်သည်။
အိုက်ပြီး ​သေချင်​သေပါ​စေ ၊ အိမ်​မြှောင်ရန်က​တော့
​အ​​သေကြောက်ပဲ။နောက်​နေ့ ခြင်​ထောင်​ထောင်ပြီး
အိပ်​တော့မည်။

°°°°°

■ အထက်တန်း​ကျောင်းသူ တစ်ဦး
​ပျောက်ဆုံးခြင်းနှင့် လူမသိသူမသိ
အဖမ်းခံခဲ့ရ​သော မိန်းက​လေးငယ်များ ■

PARALLEL [ Completed ]Where stories live. Discover now