Chapter-22

1.1K 145 12
                                    

( Unicode )

" အီးစ်် အမ​လေး "

အိမ်တံခါးကိုအ​လောတကြီး ဖွင့်ဝင်လာကာ
တံခါးကိုမီ၍ ရင်ဘတ်ကို ဖိသတ်​နေတဲ့ Air။

ဆိုဖာခုံ​ပေါ်မှာ ​ခြေဆင်းထိုင်ကာ ဖုန်းသုံး​​နေသည့်
Rayလှမ်းကြည့်၍ ​မေးလိုက်သည်။

" ဘာဖြစ်လာတာတုန်း Air "

Air က တံခါးကို​လော့ချလိုက်ကာ သူ့နားလာ
ထိုင်သည်။

" ​​မောတာ "

Ray လဲ Air ကိုကြည့်ကာ ဘာဖြစ်​နေမှန်းမသိ
ရ​သေး​ပေမယ့် အလိုက်တသိပဲ ​ရှေ့ကစားပွဲမှာ
ချထားတဲ့ ရေကရားထဲမှ​ရေကို ​ရေခွက်ကြည်ကြည်
​လေးထဲငှဲ့​ပေးလိုက်သည်။ ပြီး​တော့ Air ကို တိုက်
လိုက်သည်။

" ​ရော့ ​သောက်လိုက်အုံး "

​ချက်ချင်းပဲဆွဲယူကာ ​​သောက်သည်။ ​ရေခွက်ကို
စားပွဲ​ပေါ်မှာပြန်ချလိုက်ပြီး လျှာ​လေးကလဲ ​မောတဲ့
ပုံစံနဲ့ထွက်ပြ​သေးသည်။ အမြဲလိုလိုတည်ငြိမ်​နေတတ်
သည့် ​​ခွေးဖြူက တစ်ခါတ​စ်​လေ သူ့​ရှေ့တွင်​တော့
သတိလက်လွတ်အမူအရာ​လေး ​တွေဖြစ်သွားတတ်
သည်။ ​စော​​​​စောကလို လျှာထုတ်ပြသလို​ပေါ့

Airက အ​မော​ဖြေလိုက်ပြီး

" လမ်းမှာ စုံ​ထောက်​တွေနဲ့တွေ့လို့ ​ဆေးခန်းပိတ်ပြီး
အပြန် မြစ်စပ်မှာ အ​လောင်း​တွေ​ပေါ်လာလို့​လေ "

" အဲ့တာဘာဖြစ်လဲ "

Rayက​အေး​ဆေးသ​လောက် Air မှာ​တော့
ပါးစပ်အ​ဟောင်းသား ဖြစ်ရသည်။ ဖြစ်ရမှာပဲ​လေ
ဒီအ​လောင်း​တွေက သူတို့လက်ချက်ချည်းကိုး။
Ray က စိတ်ပျက်စွာနဲ့ စုတ်သတ်တချက်ကို
ထွက်ဆိုပြီး သူ့ကိုလဲ လက်ညိုး​ထိုး၍ မာန်​​တော့သည်။

" မင်းကမလုံမလဲနဲ့ကွာ ဘာလက်စလက်နမှ
ကျန်ခဲ့တာမှမဟုတ်တာကို ဘာ​ကြောက်​နေလဲ "

" သူတို့က ​ဆေးခန်းကိုလဲ လာ​မေးတယ်​လေ "

Ray ဇက်ခနဲလှည့်ပြီး မျက်​မှောင်​တွေကို စုကျုံ့ရင်း

" ဘာလို့ "

" ​​ဆေးခန်းနားတဝိုက်မှာပဲ ​ပျောက်သွားလို့တဲ့
CCTV မှတ်​တမ်း​တွေအရ ဒီ​ဆေးခန်းက ထွက်ထွက်
လာပြီးရင် ပျောက်သွားတတ်ကြလို့တဲ့
ဒီ​နေ့ Ray ကလာမှမလာတာ ဘယ်သိမလဲဒါ​တွေ "

PARALLEL [ Completed ]Tahanan ng mga kuwento. Tumuklas ngayon