( Unicode )
ညတွေဟာ အထီးကျန်လွန်းတယ်။ သူမရှိဘဲ ဖြတ်သန်းရတဲ့ ညအချိန်အခါဟာ ရှည်လျားလှပါတယ်။ များစွာသော
စက္ကန့် မိနစ်တွေကို ပါးစပ်ကရေရွတ်ရင်း အိပ်ပျော်သွား
ခဲ့ရတဲ့ ညပေါင်းလဲ မနည်းပါဘူး။ အမြဲတမ်း သူ့ကိုယ်ငွေ့
လေးမှာ ခိုလှုံနေရတဲ့ ကိုယ့်အဖို့တော့ ဒီလိုညတွေဟာ
ချမ်းစိမ့်နေဆဲပါ။ ဂွမ်းစောင်ပါးပါးက ဘယ်လောက်များ
နွေထွေးစေမှာမို့လို့လဲ။ နွေးစေသည်ဆိုစေအုံးတော့
ရင်ထဲထိတော့ မရောက်နိုင်ပါဘူး။ စိတ်ရဲ့လုံခြုံမှုဆိုတာ
ခင်ဗျားဘေးမှာ ရှိနေမှ ရတာပါ။ အမှောင်ထုကို ကျော်ဖြတ်ပြီးချိန်မှာတော့ စိတ်တွေပေါ့ပါးလာခဲ့ပါတယ်။နှိုးစက် အကူအညီမပါဘဲ နေ့ရက်တိုင်းကို ကိုယ့်အသိစိတ်နဲ့ကိုယ် နိုးထတတ်လာတယ်။ အမြဲတမ်း
အိပ်ယာထဲသာ နှုန်းခွေချင်နေတဲ့ ကိုယ်က အခုတော့
ဒီ အိပ်ယာကို စွန့်ခွာပစ်ပြီး ခင်ဗျားအနားမှာပဲ ကပ်ချင်နေတော့တယ်။ အလင်းရောင်ရတဲ့ မနက်ခင်းတိုင်းဟာ
ကျွန်တော်ရဲ့ ပျော်မွေ့ရာပါပဲ။ အဲ့လိုအချိန်တွေမှပဲ ခင်ဗျားနဲ့ ပူးကပ်နေလို့ ရမှာမလား။ တစ်နေ့လုံး နေသာနေရင်
ကောင်းမယ်ဗျာ။" ဂျောင်ကု သွားရအောင်လေ "
အခန်းအပြင်က သူ့အသံပေါ့။ ဒီနေ့ အလုပ်နားကြတယ်။
လျှောက်လည်ကြမယ်တဲ့။ ပျော်တာပေါ့။ နေသာသာ နေ့ရက်တွေမှာ လက်ချင်းတွဲပြီး လွတ်လွတ်လပ်လပ် သွားကြတာ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲ။အစောထဲက စီစဥ်ပြီးသားမို့ ဂျောင်ကု အခန်းပြင်ထွက်လိုက်တယ်။ အခန်းပြင်မှာ ရပ်စောင့်နေတဲ့ မိုးပြာရောင်
ခေါင်းစွပ် လက်ရှည်နဲ့သူ့ကိုတွေ့လိုက်ရတယ်။ တကယ်
သဘောကျမိတယ်။ ဘာလို့ဆို သူနဲ့ကိုယ်က ဆင်တူအင်္ကျီလေးနဲ့ကိုး။ အမြဲတမ်း အနောက်တိုင်းကုတ်တွေ။ရှပ် လက်ရှည်တွေသာ ဝတ်တတ်တဲ့သူက အခုလိုကျတော့လည်း လူငယ်ဆန်ပြီး နူးညံ့လိုက်တာ။ ကိုယ်စိုက်ကြည့်နေတော့ သူက ရှက်သွားတယ်ထင်ပ လည်ဂုတ်လေးကို လက်နဲ့ ပွတ်ပြီး
ESTÁS LEYENDO
PARALLEL [ Completed ]
FanficChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021