Chapter-29

1.2K 158 43
                                    

( Unicode )

" တစ်​ယောက်ပြီး တစ်​ယောက်ကို လာ​နေတာပဲ​နော် "

ရုံးခန်းထဲဝင်လာသည့် Air ကို ထယ်​ဟျောင်း
ပြုံးပြုံး​လေးပဲကြိုဆိုရင်း ​ပြောလိုက်သည်။

" ထိုင်ပါအုံး "

သူညွှန်ပြတဲ့ ဆိုဖာလွတ်မှာပဲ Air က ဝင်ထိုင်သည်။
ထယ်​ဟျောင်းလဲ Air ​ရှေ့မှာဝင်ထိုင်ရင်း

" ​ကြော်ငြာ ကိစ္စလာ​ပြောတာလား "

" မဟုတ်ပါဘူး "

" ဒါဆို ဘာများလဲ "

Air ထယ်​ဟျောင်းကို ခယ​သော မျက်ဝန်း​လေး​တွေနဲ့
ကြည့်ပြီး

" ​ညှိနှိုင်းစရာရှိလို့ပါ Ray နဲ့ပက်သက်ပြီး​တော့ "

ပြုံးစစ ဖြစ်​နေတဲ့ ထယ်​ဟျောင်း ချက်ချင်းကို
ရုပ်တည်သွားသည်။

" သူနဲ့ပက်သက်ပြီး ညှိနှိုင်းမယ်ဆို​တော့
ဘာများပါလိမ့် ၊ ကျွန်​တော်တကယ်ပဲ သိချင်တယ် "

" ကျွန်​တော် . . . "

Air ဆက်မ​ပြောနိုင်​သေး ထယ်​ဟျောင်းကို မျက်လုံး​လေး
လန်ကြည့်လိုက် ပြန်ချလိုက်​တွေ​ဝေ​နေသည်။ ထယ်​ဟျောင်းလဲ ထက်တွန့်တက်ကာ ​မေးမ​နေ​တော့ဘဲ Air ​ပြော
မယ့်အချိန်ကိုသာ ​စောင့်​နေမိသည်။

" Ray နဲ့ ထယ်​ဟျောင်းရှီးကို ​ပြေလည်​စေချင်တယ် "

ထယ်​ဟျောင်း အနဲငယ်မတ်​နေတဲ့ကိုယ်ကို ထိုင်ခုံ​ကျော
မှီကာ မှီချလိုက်ကာ ​ပေါင်ချိတ်ထိုင်လိုက်ရင်း

" အ​ကြောင်းက "

" နှစ်ဦးလုံးကို ဘာမှမထိခိုက်​စေချင်လို့ပါ။ အရင်က
Ray လုပ်ရက်အတွက် ခွင့်လွှတ်နိုင်ဖို့ကို ထယ်​ဟျောင်း
ရှီးအတွက် ခက်ခဲတယ်ဆိုတာ နားလည်ပါတယ် "

" နားလည်ရင် ကိုယ်ချင်းလဲ စာတတ်မှာ​ပေါ့ "

ထယ်​ဟျောင်း တည်ငြိမ်စွာပဲ Air ကို စိုက်ကြည့်ရင်း
​ပြော​နေသည်။

" သစ္စာ​ဖောက်ခံရဖူးလား၊ ကိုယ်ချစ်ရတဲ့သူကို
ကိုယ့်​ရှေ့တင် အသတ်ခံရ​တော့မှာကို မကယ်နိုင်ဘဲ
ရင်နာနာနဲ့ ကြည့်ခဲ့ရတာကွ၊ ကိုယ့်​သွေးသားရင်း
ဖခင်ဖြစ်သူလည်း ဆုံးရှုံးခဲ့ရတယ်။ ဒါ​တွေ
အကုန် ဘယ်သူလုပ်ခဲ့တာလဲ ? ဟို​ကောင်​ကြောင့်ပဲ​လေ
သူစခဲ့တဲ့ဇာတ်လမ်းပဲ "

PARALLEL [ Completed ]Donde viven las historias. Descúbrelo ahora