( Unicode )
" သွားရမယ် ဂျောင်ကု ကိုဒီလိုလာလုပ်လို့မရဘူး "
" မသွားပါနဲ့ ဂျောင်ကုရယ် ဝမ် ၃သောင်းလောက်ကို
များ "ဂျောင်ကု နတ်ဝင်သည်ဆီသွားပြီးသောင်းကျန်းမို့
လုပ်နေခြင်းဖြစ်သည်။ အကြောင်းမှာ ပေးလိုက်သော
အဆောင်သည် ဘာအစွမ်းအစမှမရှိသည့် အာပလာ
အဆောင်ဖြစ်သည်။ အဆောင်ကို စစချင်းဆောင်
အိပ်သည့်နေ့က အိမ်တွင် ထယ်ဟျောင်းလဲ စရောက်
လာသည့်နေ့နဲ့တိုက်ဆိုင်နေသည်။ နောက်နေ့တွင်လဲ
ထယ်ဟျောင်းက ဆက်တိုက်အိမ်မှာပဲ နေသည်မို့
အိမ်မက်ဆိုးကမမက် ၊ အဆောင်ကြောင့်လား
ထယ်ဟျောင်းကြောင့်လားဆိုတာ မရေရာ။
ကွဲကွဲပြားပြားသိလိုသည်မို့ ထယ်ဟျောင်းကို သူ့အိမ်သူ
ပြန်နေခိုင်းကာ ဂျောင်ကုကတော့ တစ်ညတလေလေး
တယောက်ထဲ အိပ်လိုက်သည်။ အဆောင်လေးခေါင်း
အုံးပြီးတော့ပေါ့၊၊သောက်တလွဲအဆောင်သည် ဘာမှအစွမ်းမပြ၊၊
အိမ်မက်ဆိုးက မက်မြဲဆဲမက်ဆဲ၊ ဝမ်၃သောင်း
တောင်းပြီး ပေါက်ကရဟောလွှတ်တဲ့ နတ်ဆရာမ
ကို ပညာပြချင်နေပြီ။ သူ့လိုလူတွေ ထပ်ပြီးမခံရလေ
အောင် နတ်ဆရာမအား အရှက်အကြီးကြီးခွဲချင်
နေလေပြီဖြစ်သည်။" ဝမ် ၃သောင်းလဲ ပိုက်ဆံပဲ ပျမ်းမျှတွက်ပြမယ်
သူဌေးနားထောင် ၊ လူ၁ယောက်ကို ဝမ်၃သောင်း
ပဲထား ၊ တနေ့ကို ၅ယောက်ပဲလာတယ်ဆိုပါစို့
၁ယောက်ကို ၃သောင်း ၅ယောက်ဆိုတော့
၁သိန်းခွဲ ၊ တနေ့ကို ၁သိန်းခွဲ မှတ်ထား တစ်နေ့
၁သိန်းခွဲနော် "ငွေတိုးချေးစားတဲ့မိန်းမကြီးအထာနဲ့ လက်ညိုး
ထိုးထိုးပြီးကိုပင် သင်ပြနေတာ ထယ်ဟျောင်း
မျက်လုံးကိုပင် ထိုးမိတော့မည်။ ထယ်ဟျောင်းလဲ
ပြူးကြောင်ကြောင်နဲ့နားထောင်ရသည်။" တစ်နေ့ ၁သိန်းခွဲဆို ၁လဆိုရင်ပဲတွက်ကြည့်
ရက်၃၀နဲ့ တွက်ကြည့်မယ် ရက်၃၀ဆိုတော့
၁၅ ၁လီ ၁၅ ၊ ၁၅ ၂လီ ၃၀ ၊ ၁၅ ၂လီ ၃၀...
အာ ခဏလေး.. ၁၅ ၁လီ ၁၅ ၊ ၁၅ ၂လီ ၃၀..
၃၀.. ၁၅ ၃လီ... "
![](https://img.wattpad.com/cover/157667019-288-k973411.jpg)
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021