Chapter-17

1.1K 161 16
                                    

( Unicode )

​နောက်တစ်​​နေ့မနက်​ရောက်​တော့ ​ဂျောင်ကုတို့တ​တွေ
​သုံးထပ်သားကင်လုပ်စားမို့ လိုအပ်တာ​တွေကို
အ​နောက်ဘက်စိုက်ခင်းမှ လိုအပ်တာ​တွေကို
ခူးယူ​နေကြသည်။

" ဒီ​လောက်ဆိုရပြီလား "

​​ဆလပ်ရွက်များ ၊ ထည့်ထား​သော ​ကော်ဇကာခြင်း
အနီ​ရောင်ကြီးအား ​ရှေ့သို့ထိုးပြရင်း ဆိုရာ ​မေး​နေ​
လေသည်။

" အဟား အစ်မရာ မတန်တဆ အများကြီးပဲ "

မို့​မောက်ပြည့်လျှံ​အောင် ခူးဆွတ်ထား​သော​ကြောင့်
​ဂျောင်ကု ရီချင်မိသည်။

" ​အို အလကားရတာပဲဟာ "

" ဟဲ့ ဆိုရာမ အလကားရတိုင်း ယူစရာလား
လိုသ​လောက်ပဲ​ပေါ့ သူများ​တွေ ပင်ပင်ပန်းပန်း
စိုက်ထားတာကို "

ဆိုရာဆီက ဗန်းကိုလက်လွဲယူကာ ဆလပ်ရွက်​တွေကို
​ကောက်ကိုက်လိုက် ချလိုက်လုပ်ရင်း ဆိုရာကို မျက်​စောင်း ထိုးလိုက်သည်။ဆိုရာက​တော့ ​ပြောတာ ကြား
ဟန်ပင်မပြု မုန်လာဥ စိုက်ခင်းရှိရာကို လက်လှမ်း​နေ​
လေပြီ ဖြစ်သည်။ ​သူမတို့နှစ်​ယောက်ကိုကြည့်ပြီး ​
ဂျောင်ကုက​တော့ ပြုံးစိစိဖြစ်​နေရသည်။

စိုက်ခင်းထဲ ရှိတဲ့သူဆိုလို့ သူရယ်၊ အစ်မဆိုရာရယ်၊
အစ်မမီလန်းရယ် ပြီး​​တော့ ဖြူတုတ်​လေးရယ်။
ခြံထဲမှာမို့ ဖြူတုတ်ကို ကြိုးမချည်​တော့ပဲ လွတ်လွတ်
လပ်လပ် ​ဆော့ကစား​စေသည်။ ဖြူတုတ်ကလဲ ​သခင်
​ခြေ​​ထောက်နားမှာပဲ ​​​တ၀ဲလည်လည်​ဆော့ကစား
​နေရှာသည်၊၊ ​ဂျောင်ကုက​တော့ ဖြူတုတ်ကို တဖက်၊
ဖုန်းကိုတဖက် အလုပ်​တွေပင်ရှုပ်​နေကာ ဘာမှကို ကူ
မအား​သေး။

" ဒါ​လေး​တွေ ​ရေအရင်သွား​ ​ဆေးလိုက်အုံးမယ် "

" ဟုတ် အစ်မ "

မုန်လာခင်းပုံကို ရိုက်ပြီး အစ်မ မီလန်းကို
ခါးညွတ်၍ ​ပြောလိုက်သည်။

ဒီ​နေရာမှာ ရိုက်ရမယ်။ မုန်လာစိုက်ခင်း​တွေနား
​ဆောင့်​ကြောင့်ထိုင်ချလိုက်ကာ

" ဖြူတုတ်လာ ဒီကို "

ဖြူတုတ်ကို လက်​လေး တဖက်နဲ့ချီပြီး selfie
ဆွဲလိုက်သည်။

PARALLEL [ Completed ]Donde viven las historias. Descúbrelo ahora