Chapter-30

1.2K 158 21
                                    

( Unicode )

​ဆေးခန်းထိုင်တာ ခါတိုင်းလိုမဟုတ်ဘဲ တံခါးဝဆီ
လည်တ​မျှော်​မျှော်ဖြစ်​နေတဲ့ Air ကို Ray အကဲခတ်​နေသည်။ ဧည့်သည်​မျှော်​နေတာမျိုးလဲ မဖြစ်နိုင်။ Air က
​ဆေးခန်းသာ ဖွင့်ထားတာ ​ဆေးကသိပ်ကုချင်တာမဟုတ်။
တတ်ကျွမ်းတာဆိုလို့ ဒီအတတ်ပညာသာရှိ၍ ကြိတ်မှိတ်
လုပ်စားနေခြင်းဖြစ်သည်။ ဒါများ ​ဆေးပညာဘာလို့
သင်ခဲ့လဲ မသိ​နော်။

" ​စောင့်​နေတဲ့ သူရှိလိူ့လား "

​မေး​တော့လည်း မျက်ဆံပြာ​လေး​တွေက ဝိုင်းစက်ကာ
​နေ၏။

​" ​မေးတာမ​ဖြေဘဲ ဘာလို့ ပြူးကြည့်​နေတာလဲ "

" မဟုတ်ပါဘူး "

မျက်လုံး​တွေက တည်ငြိမ်မှုမရှိဘဲ ဟို​ရွှေ့ဒီ​ရွှေ့နှင့်
​ဆေးထိုးပင်အပ်​တွေကို ဖင်တစ်ပြန်​ခေါင်းတစ်ပြန်
စစ်​ဆေး​နေသည်။

" မသင်္ကာစရာပဲ "

" ဘာကိုလဲ "

မျက်လွှာချထားသည့်ကြားမှ သူ့ရဲ့မျက်လုံးပြာ​လေး​တွေ
အနဲငယ် လှုပ်သွားတာ​တွေ့လိုက်ရသည်။ Rayလည်း
စကားဆက်မရှည်ချင်​တော့။ ဖုံးထားလဲ ဘာအ​ရေးလဲ
အချိန်တန် သိမှာပဲကို။ ဒီ​ကောင်​လေး ဘယ်တုန်းကများ
သူ့ကို လျှို့ဝှက်ဖူးလို့လဲ။

" ​အား~ရေငတ်လိုက်တာ "

ရာသီဥတုက ​တော်​တော်ပူသည်။ ​ဆေးခန်းကျဥ်း​လေးကိုပင် အဲကွန်း​လေး တစ်လုံး​တောင် တပ်ဆင်ထား​ပေးခြင်း
မရှိသည့် Air က ​အင်မတန် ကပ်​စေးလွန်းပါတယ်။

" ​ရေခဲ​ရေ​သောက်မလား "

" ​နောက်​နေတာလား ငါ့ကို "

ခပ်တည်တည်နဲ့ပြန်ပက်လိုက်​တော့မှ ရုပ်က ပြုံးစိစိနဲ့
ပြန်ငုံ့သွားသည်။

" ဒီ​နေ့​ဆေးခန်း ​စောပိတ်လိုက်​တော့ "

" ဘာလို့လဲ Rayရ "

မျက်လုံးပြူးမျက်စံပြူးနဲ့ အလန့်တကြားပြန်​မေးပြန်တယ်။

" ​​ထွေ​ထွေထူးထူး​တော့မရှိပါဘူး အရမ်းအိုက်​နေလို့
အိမ်ပြန်ချင်လာပြီ မင်းတစ်​ယောက်တည်း ပြန်လာလို့
ဖြစ်တယ်ဆိုရင်​တော့ "

PARALLEL [ Completed ]Where stories live. Discover now