Chapter-20

1.1K 166 27
                                    

( Unicode )

မျက်လုံး​တွေဖွင့်ကြည့်ပုံ​ထောက်ရင် သတိ​တော့ကပ်​
နေဆဲ။သို့​သော် ခန္ဓာကိုယ်က​ပျော့​ခွေလွန်းလှသည်။
ပက်လက်​လေးဖြင့် ထယ်​ဟျောင်းက ​ဂျောင်ကုကို
​လေးပင်​​​သောမျက်၀န်းများဖြင့် ကြည့်သည်။ ​ဂျောင်ကု
က​တော့ အခုထိ အံ့သြ​နေတုန်း၊၊

" သူ​ဌေး ဘယ်လိုဖြစ်ရတာလဲ "

ထယ်​ဟျောင်းက တစ်ခုခု​ပြောရန်ကြိုးစား​သော်လည်း
အသံကထွက်မလာ​ချေ။

" ​ဆေးရုံသွားကြမယ် လာ သူ​ဌေး "

​ပြော​ပြောဆိုဆိုနဲ့ သူ့ကိုဂျိုင်းမှဆွဲမက ​ပွေ့ချီမယ်အလုပ်
ထယ်​ဟျောင်းက ​ဂျောင်ကုလက်​မောင်းရင်းကို ဆုပ်ကိုင်
ပြီး ​ခေါင်းကိုခါယမ်းသည်။

" ​ဆေး.. ​ဆေး.. ရုံ မ သွားလဲ ရတယ် မသွားနဲ့ "

" ဒီ​လောက်ဖြစ်​နေတာကို ဗျာ "

​ဂျောင်ကုလဲ အ​လျော့​ပဲ​ပေးလိုက်ပြီး အခန်းထဲကိုပဲ
ချီလာလိုက်သည်။ ကိုယ်တိုင်က ​ညောင်းချိ​နေပါ
သည်ဆိုကာမှ သူ့ကိုယ်ကြီးချီပြီး အခန်း​သော့ဖွင့်ရ
အခန်းမီးဖွင့်ရသည်မှာ လွယ်​တော့လွယ်မ​နေ။ ​ဂျောင်ကု
မနက်ထဲက မသိမ်းမိသည့် အိပ်ယာ​ပေါ်မှာ ထယ်​ဟျောင်း
ကို အသာ​လေးချ​ပေးလိုက်သည်။ ထယ်​ဟျောင်းက
​တော့​မှေးစင်း​နေ​​သော မျက်လုံး​သေကြီးများဖြင့်
ကြည့်​နေတုန်း။

မီးဖွင့်လိုက်​တော့မှ လင်းလင်းထင်းထင်းရှိကာ
ထယ်​ဟျောင်းမျက်နှာ​ပေါ်က ဒဏ်ရာ​တွေက်ို သဲကွဲစွာ
မြင်ရသည်။ လည်ပင်းနှင့် လက်​တွေမှာလဲ ကုတ်ရာ
ဖဲ့ရာ​တွေက ဗရပျစ်။ ​သွေး​တွေအများကြီး ထွက်ခဲ့
ပုံရသည်။ဒဏ်ရာဒဏ်ချက်နား​တွေမှာ ​သွေး​တွေက
ခဲ​ခြောက်​နေ​လေပြီ။ရှပ်အင်္ကျီအဖြူ​ရောင်မှာလဲ ​သွေးကွက်​တွေနဲ့ ​နေရာလပ်တယ်ကိုမရှိ။

" ​ဆေး ​"

ဟင်

ထယ်​ဟျောင်းက ​ဘောင်းဘီအိတ်ကပ်ထဲက ​စက္ကူအိတ်
​လေးကို ထုတ်လိုက်ပြီး​ဂျောင်ကုကို တုန်တုန်ရီရီဖြင့်
​ပေးသည်။

​ဂျောင်ကုလဲ အိတ်ကိုဖွင့်ကြည့်လိုက်​တော့ သ​ဘော​ပေါက်
သွားကာ အထဲမှ ​ဆေးလုံး​လေးတစ်လုံးကို ယူကာ
ထယ်​ဟျောင်း ပါးစပ်ထဲထည့်​ပေးလိုက်သည်၊၊
​ခြောက်​သွေ့ကွဲအက်​နေ​သော နှုတ်​ခမ်း​တွေက
အဖက်​တွေ​တောင်လန်​နေ​လေပြီ..

PARALLEL [ Completed ]Where stories live. Discover now