Chapter-26

1.1K 148 32
                                    

( Unicode )

အခန်းအတွင်း ​ဂျောင်ကုတစ်​ယောက် စာထိုင်ဖတ်
​နေသည်။ စာ​ကြောင်း​ရေတ​ကြောင်းပြီးတ​ကြောင်း
သာဆုံးသွားသည်။​ခေါင်းထဲစာ​တွေမ​ရောက်လိုက်။
ဘာအ​ကြောင်းအရာကိုပင် ဖတ်မိ​နေမှန်းမသိ။စိတ်​​
တွေက စာထဲမှာမရှိဘဲ ကုတင်​ပေါ်မှာမှီထိုင်နေသည့်
ကင်မ်ထယ်​ဟျောင်းဆီသာ ​ရောက်​နေမိသည်။​ဒေါက်
တာ Air တို့နှင့်အတူစားပြီးပြန်လာထဲက မှုန်သုန်​နေ
တာ အခုထိပင်။​ရေမိုးချိုးပြီးသည်အထိ ဘာမှလဲမစား
ဘဲ ဒီလိုပုံပဲဖြစ်​နေသည်။ စာဖတ်​နေရင်းတန်းလန်းမှ
အသာ​လေး​စွေကြည့်မိသည်။ ကုတင်ကိုနောက်မီထား
ကာ လိုက်ပိုက်လျက် တစ်စုံတစ်ခုကို အ​လေးနက်ထား
စဥ်းစား​နေပုံရသည်။ မျက်​မှောင်​တွေကလဲ မသိမသာ
​လေး တွန့်ချိုး​နေသည်။​ ဘယ်အရာ​တွေကများ စိတ်ရှုပ်
​စေပါလိမ့်။

​​နောက်ဆုံး​တော့ ​ဂျောင်ကုစာအုပ်ကိုပဲပိတ်လိုက်ရသည်။
ဖတ်ရင်လဲ စိတ်ပါ​တော့မှာမဟုတ်​ပေ။ ထယ်​ဟျောင်းနား
ကို သွားလိုက်ပြီး

" ဘာမှမစားရ​သေးဘူးမလား ကျွန်​တော် တစ်ခုခု
ပြင်ဆင်​ပေးရမလား "

ထယ်​ဟျောင်းအ​တွေးစ​တွေ ပျက်​တောက်သွားပြီး
​ဂျောင်ကု​ရောက်​နေတာကို အခုမှပဲ သတိထားမိသည်။

" ​​အော် ​ဂျောင်ကု ၊ မစား​တော့ဘူး "

" မစားလို့ဘယ်ဖြစ်မလဲ သူ​ဌေးရဲ့ ညလယ်ကြီး
ဆာ​နေအုံးမယ်။ ဒီတိုင်း ထမင်းသုပ်ပဲစားလိုက်ပါ
ကျွန်​တော်လုပ်​ပေးမယ် "

ထယ်​ဟျောင်းလဲ မငြင်း​တော့ဘဲ ​ခပ်​ရေး​ရေး​လေးပြုံး
ကာ ခေါင်း​လေးသာညိမ့်ပြလိုက်သည်။

​ထမင်းသုပ်ရန်အခန်းထဲမှထွက်သွား​သော ​ဂျောင်ကု
​ကို ထိုင်​နေရင်းနဲ့ပင် ​ငေး​နေမိသည်။စား​သောက်ဆိုင်
မှာဂန်​ချော ​ပြောခဲ့တာ​တွေကိုလဲ ပြန်ကြား​ယောင်မိ
​နေသည်။

" ဒါနဲ့ မင်း​ဘေးက​ကောင်​​လေးက အရင်လို အရသာ
ရှိတုန်းလား " တဲ့ အဲ့​ကောင်ကိုယ်တိုင်လဲ ​ဂျောင်ကုကို
မှတ်မိ​နေသည်။ အဲ့တစ်ည​လေး​တွေ့ဖူးတာ​တောင်မှ​လေ။

PARALLEL [ Completed ]Where stories live. Discover now