( Unicode )
ဂျောင်ကုအော်သံစူးစူးက လှေကားတစ်ခုလုံးဟိန်း
ထွက်သွားသည်။ပြွတ်
Rayက ဂျောင်ကုရဲ့လည်ပင်းဖွေးဖွေးလေးတွေကို
နာနာလေးတချက်ကိုက် တချက်စုပ်ယူပြီးလွှတ်ပေး
သည်။ ပြီးတော့ ဂျောင်ကုကို ပခုံးမှမကာ ထူပေး
လိုက်ပြီး" အဟွန်း အငိုသန်ပုံရတယ်နော် "
အကြောက်လွန်ပြီး ဂျောင်ကုငိုနေမိပြီလားတောင်
မသိပါ။အခုထက်ထိလဲ ရင်တွေကတုန်းနေတုန်းပင်။
ထိုင်နေရင်းနဲ့ကို ကျောက်ရုပ်ဖြစ်နေရှာသည်။" ကိုယ်က ထယ်ဟျောင်းကိုလာရှာတာပါ မင်းကို
မဟုတ်ဘူး ၊ ဒါကြောင့်လန့်မနေနဲ့ "ဂျောင်ကုဘာမှမပြောရဲဘဲ နှုတ်ခမ်းလေးတွေကဟပြီး
သူ့ကိုကြည့်နေတဲ့ပုံလေးက ကူကယ်ရာမဲ့နေတဲ့ကလေးငယ်တစ်ဦးလိုပင်။Rayကလဲ သူ့ပုံလေးကိုကြည့်ကာ
ကျေကျေနပ်နပ်ရှိနေပုံရသည်။မတ်တပ်ထရပ်လိုက်ပြီး" ဒီလောက်နဲ့ပဲခွင့်ပြုပါအုံး ဂျွန်ဂျောင်ကု "
ခါးညွှတ်နှုတ်ဆက်ကာ အပေါ်ကိုတက်သွားပြီဖြစ်သည်။
ဂျောင်ကုကတော့ ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပျက်
သလိုထိုင်နေမိတုန်း...လည်ပင်းနားတဝိုက်ကို စမ်းကြည့်တော့ သွားရာအထစ်ထစ်တွေကိုလက်ချောင်းလေးတွေကတဆင့် ခံစားမိသည်။ အခုမှပင် အသက်ဝဝရှူရဲတော့သည်။သို့သော်
အတွေးတွေက လက်ရှိကာလမှာရှိမနေ ၊ Ray သူ့
အပေါ်ဆက်ဆံပုံတွေသာ တရိပ်ရိပ်ပေါ်လာပြီးနောက်
မက်ခဲ့ရသော အိမ်မက်များနှင့်အတူ ရောယှက်ကာ
နေသည်။ကြောက်လန့်နေသော သူ့ကိုပို၍ တုန်လှုပ်သွားစေသည့်
အတွေးအမြင်တစ်ခုက Rayဟာသူ့အိမ်မက်ထဲက လူဆို
တာပါပဲ။ သေချာလား မသေချာလား အတည်မပြုရသေး
ပေမယ့် အခုဖြစ်ပျက်သွားတွေ အကုန်လုံးဟာ ခြောက်
လှန့်နေသည့် အိမ်မက်ဆိုးကြီးက အကြောင်းအရာ
တွေနှင့်ဆင်တူလွန်းလှသည်။တကယ်သာဆို အိမ်မက်
ထဲတင်မဟုတ်ဘူး အပြင်လောကမှာပါ စိုးရိမ်ထိတ်လန့်
မှုတွေနဲ့ ရှင်သန်ရတော့မှာပါလား။ အဲ့လိုဖြစ်လိမ့်မည်
မထင်ပါ။ ဂျောင်ကုအတွက် ထယ်ဟျောင်းလေးက
အမြဲရှိနေမှာပေါ့ကွယ်။
_________________
BẠN ĐANG ĐỌC
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021