(Unicode)
တောအထပ်ထပ်ဖုံးလွှမ်းရာ ဂန်ဝန်တောတောင်
အရပ်သည် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည်။ မနက်ခင်းနေရောင်ခြည်နွေးနွေးသည်
အစိမ်းရင့် ရောင်သစ်ရွက်ငယ်များကြားမှတစ်ဆင့်
ကမ္ဘာမြေသို့ ပြန့်ကျဲလျက်ရှိနေသည်။ကျေးငှက်
မောင်နှံတို့၏ တကျီကျီ တွန်ကျူးသံဟာလည်း
တောတစ်ခုလုံး မြိုင်မြိုင်ဆိုင်ဆိုင်ပင်။
မလှမ်းမကမ်းရှိရေတံခွန်မှကြားရသော ရေစီးသံ
တဝေါဝေါဟာဆိုရင်လည်း ရင်အေးချမ်းဖွယ်ရာပင်။ကျောက်တုံးကျောက်ခဲများနှင့် သဘာဝအတိုင်း
အရောင်အသွေးစုံလင်စွာပေါက်ရောက်နေသော
ခါးတဝက်နီးနီးရှိ ပန်းပင်များ ဝန်းရံထားရာ
ရေတံခွန်သို့ ထယ်ဟျောင်း ရောက်လာသည်။
နီးစပ်ရာကျောက်တုံးပေါ်တွင် ခြုံနေကျ
ဝတ်ရုံကို လွှားထားလိုက်သည်။အနက်ရောင်
အောက်ခံ တဆက်တည်းဝတ်စုံက ကျစ်လျစ်သော သူ့ကိုယ်ခန္ဓာနှင့် ကြည့်လို့တင့်တယ်လှသည်။တသွင်သွင်စီးကျနေသော ရေကြည်များသည်
အောက်ခြေမှကျောက်စရစ်ခဲလေးများကို တစ်လုံးချင်း
မြင်ရသည်အထိ ကြည်တောက်လွန်းအားကြီးသည်။
ထိုရေကြည်ကြည်ထဲကို ထယ်ဟျောင်းခြေထောက်များ
ဆင်းစိမ်လိုက်သည်။ရေ၏အေးမြမှုကကျောရိုး
တစ်လျှောက်ကို စိမ့်ခနဲပဲ။လက်ဖဝါးတို့ဖြင့်ရေကို ခပ်ယူလိုက်ပြီး တဗွမ်းဗွမ်းဖြင့်
မျက်နှာကို အကြမ်းပတမ်းသစ်ချလိုက်သည်။
ကြည်စင်သွားသောမျက်မှာပြင်ချောချောပေါ်တွင်
နဂိုက နှုတ်ခမ်းတဝှိက်တွင် ပေကျံနေသည့် သွေးရည်
ကျဲကျဲများကိုမတွေ့ရတော့ပေ ။ရေစက်လက်နှင့်ပင် အနီးအနားရှိကျောက်တုံး
တစ်တုံးပေါ်မှာထိုင်လိုက်သည်။လက်ကိုနောက်ပစ်
ထောက်ထားလျက် အပြာရောင်ကောင်းကင်အား
မျက်နှာမူလျက် မျက်လုံးအစုံကိုမှေးစင်းထားသည်။ရေစက်များတွဲခိုနေသော မျက်နှာချောချောသည်
တည်ကြည်ခန့်ညားခြင်းနှင့်တကွ နေအလင်းရောင်အောက် တွင်လိုက်ဖက်စွာရှိနေသည်။မျက်ခုံးထူထူ နှာတံစင်းစင်း နှင့်အညိုရောင်သန်းနေသော လေးထောင့်ပုံစံ နှုတ်ခမ်း ပါးတို့နှင့်သူသည် ချောသည်ဟုလည်း ပြောလို့ရသလို လှသည်ဟုလည်း ယူဆလို့ရသည်။
YOU ARE READING
PARALLEL [ Completed ]
FanfictionChapter 5 မှ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Chapter 5 မွ JK စပါပါတယ်။ ဖတ်ပေးကြပါ။ OC ထင်ပြီး ထွက်မပြေးကြပါနဲ့ Soft Kook 5/8/2018 - 13/7/2021